အင်ဒိုနီးရှားမြို့တော်အား ကမ္ဘာ့လေထုအညစ်ညမ်းဆုံးမြို့အဖြစ်သတ်မှတ်

0
161

ဂျကာတာ၊ဩဂုတ် ၉

ဆွစ်ဇာလန်လေထုအရည်အသွေးနည်းပညာကုမ္ပဏီ IQAir ၏ တိုင်းတာမှုအချက်အလက်များအရ အင်ဒိုနီးရှားနိုင်ငံ၏မြို့တော်ဂျကာတာသည် ကမ္ဘာတစ်ဝှမ်း လေထုညစ်ညမ်းမှုအရှိဆုံးမြို့ (၁၀)မြို့စာရင်းတွင် မေလမှစ၍ဆက်တိုက်ပါဝင်နေခဲ့ကြောင်းသိရသည်။

လူဦးရေ ၁၀ သန်းကျော်ရှိသော ဂျကာတာသည် ကျန်းမာရေးနှင့်မညီညွတ်သော လေထုညစ်ညမ်းမှုအဆင့်ရှိသည့်မြို့အဖြစ် နေ့စဉ်နီးပါး စာရင်းသွင်းနေရကြောင်း IQAir ၏အချက်အလက်များအရသိရသည်။

ဂျကာတာမြို့လယ်၌နေထိုင်သူတစ်ဦးကလည်း ယခုအခြေ‌အနေသည် ကလေးများ၏ကျန်းမာရေးအတွက်အလွန်စိုးရိမ်ရပြီး စိတ်ပူချင်စရာကောင်းလှသည်ဟုပြောကြားခဲ့သည်။ကလေးအများစုမှာလည်း ရောဂါလက္ခဏာတူသည့် ချောင်းဆိုး၊ဖျားနာများအဖြစ်များနေကြသည်ဟု၎င်းကထပ်မံပြောကြားသည်။

ဂျကာတာမြို့ခံများသည် ယာဉ်ကြောပိတ်ဆို့မှုများ၊စက်မှုလုပ်ငန်းများမှမီးခိုးများနှင့် ကျောက်မီးသွေးသုံးဓာတ်အားပေးစက်ရုံများမှ အဆိပ်အတောက်ဖြစ်စေသည့်လေများ‌ထွက်‌ပေါ်မှုအားဖြေရှင်းပေးရန် ကာလအတော်ကြာတောင်းဆိုခဲ့ကာ ၂၀၂၁ ခုနှစ်တွင် အရပ်ဘက်တရားစွဲဆိုမှုတစ်ခုကိုစတင်ခဲ့သည်ဟုလည်းဆိုသည်။

ထိုကြောင့်တရားရုံးဘက်က သမ္မတဂျိုကိုဝီအစိုးရမှ လူအများ၏ ကျန်းမာရေးကိုကာကွယ်ရန် အမျိုးသားလေထုအရည်အသွေးစံနှုန်းများကို ချမှတ်ရမည်ဖြစ်ပြီး ကျန်းမာရေးဝန်ကြီးနှင့် ဂျကာတာအုပ်ချုပ်ရေးမှူးတို့သည် လေထုညစ်ညမ်းမှုကို ထိန်းချုပ်ရန်ဗျူဟာများ ရေးဆွဲရမည်ဟူ၍လည်းအမိန့်ချမှတ်ခဲ့သည်။

Source : ရိုက်တာ/အင်န်အိတ်ခ်ျ


LEAVE A REPLY

Please enter your comment!
Please enter your name here