မြောက်ကိုရီးယားခေါင်းဆောင်က ထိပ်တန်း ဗိုလ်ချုပ်ကြီးများအားထုတ်ပယ်ပြီးစစ်ရေး ပြင်ဆင်ရန် ​ပြောကြား

0
255

ဆိုးလ်၊ဩဂုတ် ၁၀

မြောက်ကိုရီးယားခေါင်းဆောင်ကင်မ်ဂျုံအန်းသည် ထိပ်တန်း ဗိုလ်ချုပ်ကြီးများအား အလုပ်မှ ထုတ်ပစ်ကာ စစ်ပွဲဖြစ်လာနိုင်ခြေအတွက်ကြိုတင်ပြင်ဆင်ရန်နှင့်လက်နက်ထုတ်လုပ်မှုအပါအဝင် စစ်ရေးလေ့ကျင့်မှုများတိုးမြှင့်လုပ်ဆောင်ရန် ​ပြောကြားခဲ့သည်ဟု နိုင်ငံပိုင်မီဒီယာကဖော်ပြခဲ့သည်။

နိုင်ငံ၏ထိပ်တန်းဗိုလ်ချုပ်တစ်ဦးဖြစ်သူ စစ်ဦးစီးအရာရှိချုပ် ဗိုလ်ချုပ်ကြီး ပက်ခ်ဆူအားရာထူးမှထုတ်ပစ်ခဲ့ကြောင်းသိရှိရပြီး ၎င်းသည် တာဝန်ထမ်းဆောင်ချိန်ခုနစ်လသာရှိသေးသူလည်းဖြစ်သည်။

ကင်မ်ဂျုံအန်းသည် လက်နက်ထုတ်လုပ်မှုစွမ်းရည်ကိုချဲ့ထွင်ရန် ပစ်မှတ်ထားခဲ့ကြောင်း အစီရင်ခံ စာ၌‌ ဖော်ပြထားသော်လည်း အသေးစိတ်အချက်အလက်များကိုထည့်သွင်း‌ဖော်ပြခြင်းမရှိခဲ့ပေ။

ပြီးခဲ့သည့်သီတင်းပတ်ကလည်း ကင်မ်ဂျုံအန်းသည် ဒုံးကျည်အင်ဂျင်များ၊အမြောက်များနှင့် အခြားလက်နက်များ တည်ဆောက်ထုတ်လုပ်သည့်လက်နက်စက်ရုံများသို့သွားရောက်ခဲ့သေးသည်။

ကင်မ်ဂျုံအန်းသည် နိုင်ငံ၏တပ်ဖွဲ့များအား တိုက်ခိုက်ရေးအတွက် အသင့်ရှိနေစေရန်နောက်ဆုံးပေါ်လက်နက်ကိရိယာများနှင့်အတူ စစ်ရေးလေ့ကျင့်မှုပြုလုပ်ရန်လည်း စစ်တပ်အား ​​ပြောကြားခဲ့သည်ဟု အစီရင်ခံစာတွင်ဖော်ပြထားသည်။

Source : ရိုက်တာ/ဂျေအို


LEAVE A REPLY

Please enter your comment!
Please enter your name here