လူတစ်ဦးလျှင် ဆန် (၅) ပြည်၊ ဆီ (၁) ပိဿာနှုန်းဖြင့်တစ်ရက်လျှင် ဆန်အကန့်အသတ်မရှိပမာဏနှင့် ဆီ ပိဿာချိန် တစ်ထောင်ကို ပြည်သူ့ရင်ပြင်၌ ရောင်းပေးမည်

0
345

၂၀၂၃ ခုနှစ်၊ ဩဂုတ်လ (၁၁)ရက်နေ့မှစတင်ပြီး ဒဂုံမြို့နယ်၊ပြည်သူ့ရင်ပြင်၌လူတစ်ဦးလျှင် ဆန် (၅) ပြည်၊ ဆီ (၁) ပိဿာနှုန်းဖြင့်တစ်ရက်လျှင် ဆန်အကန့်အသတ်မရှိပမာဏနှင့် ဆီ ပိဿာချိန် တစ်ထောင် ရောင်းပေးမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရသည်။

ယင်းတွင် ဧည့်မထ တစ်ပြည်ကို (၂၅၀၀) ကျပ်နှုန်း၊
ဧရာ၀တီပေါ်ဆန်းတစ်ပြည်ကို (၄၀၀၀) ကျပ်နှုန်း၊
စားအုန်းဆီ တစ်ပိဿာ ထည့်စရာဘူးပါလျှင် (၄၄၀၀) ကျပ်နှုန်း၊ ထည့်စရာဘူးမပါလျှင် (၅၄၀၀) ကျပ်နှုန်း၊လူတစ်ဦးလျှင် ဆန် (၅) ပြည်၊ ဆီ (၁) ပိဿာနှုန်းဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းကြောင့် မည်သူမဆို လွတ်လပ်စွာ လာရောက်ဝယ်ယူအားပေးနိုင်ပါကြောင်း အသိပေးထားသည်။

ပြင်ပဈေးကွက်အတွင်း ဆန်ဈေးနှုန်းမြင့်တက်မှုအပါအဝင် စားအုန်းဆီတစ်ပိဿာလျှင်တစ်သောင်းနီးပါးအထိမြင့်တက်နေပြီး အခြားသော အခြေခံစားသောက်ကုန်စည်များလည်း ဈေးမြင့်တက်နေခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here