စက်သုံးဆီစျေးနှုန်းများ ယမန်နေ့ထက်မြင့်တက်လာ 92 Ron တစ်လီတာလျှင် ၁၁၅ ကျပ်စျေးမြင့်တက်သွား

0
237

စက်သုံးဆီစျေးနှုန်းများ သြဂုတ် ၁၁ ရက်(ယနေ့) တွင် မြင့်တက်လာခဲ့ပြီး 92 Ron တစ်လီတာလျင် သြဂုတ် ၁၀ ရက်(ယမန်နေ့)ထက် ၁၁၅ ကျပ်မြင့်တက်လာခဲ့ကြောင်း စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ ရည်ညွှန်းလက်လီစျေးနှုန်းများအရ သိရသည်။

ရန်ကုန်တိုင်းအတွင်း၌ ယနေ့တွင် စက်သုံးဆီလက်လီစျေးနှုန်းများမှာ 92 Ron တစ်လီတာလျင် ၂၃၁၀ ကျပ်၊ 95 Ron တစ်လီတာလျင် ၂၄၂၀ ကျပ်၊ HSD(500 ppm) တစ်လီတာလျင် ၂၅၀၀ ကျပ်၊ HSD(50 ppm),HSD(10 ppm) တစ်လီတာလျင် ၂၅၇၅ ကျပ်တို့ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည့် စက်သုံးဆီရည်ညွှန်းစျေးနှုန်းများအရ သိရသည်။

ထို့ပြင် ရည်ညွှန်းလက်ကားစျေးနှုန်းများအနေဖြင့် ရန်ကုန်တိုင်းတွင် 92 Ron ၂၁၉၈ ကျပ်၊ 95 Ron ၂၃၀၆ ကျပ်၊ HSD(500 ppm) ၂၃၈၁ ကျပ်၊ HSD(50 ppm),HSD(10 ppm) ၂၄၅၅ ကျပ်တို့ဖြစ်သည်။

ရန်ကုန်တိုင်းနည်းတူ မန္တလေး၊နေပြည်တော်၊ပဲခူး၊မကွေး၊ထားဝယ်၊မုံရွာ၊ပုသိမ်၊ဘားအံ၊မော်လမြိုင်၊လားရှိုးနှင့်တောင်ကြီးတို့တွင်လည်း 92 Ron တစ်လီတာလျှင် ၂၃၀၀ ကျပ်ကျော်ဖြစ်ပြီး မြစ်ကြီးနား၊စစ်တွေနှင့်လွိုင်ကော်တို့တွင် ၂၄၀၀ ကျပ်ကျော်၊ဟားခါးတွင် ၂၆၃၀ ကျပ်နှင့်ကျိုင်းတုံတွင် ၃၁၂၀ ကျပ်တို့ရှိနေကြောင်း သိရသည်။

ရန်ကုန်တိုင်းအတွင်း၌ သြဂုတ် ၁၀ ရက်က 92 Ron တစ်လီတာလျင် ၂၁၉၅ ကျပ်၊ 95 Ron တစ် လီတာလျှင် ၂၃၁၀ ကျပ်၊ HSD(500 ppm)တစ်လီတာလျှင် ၂၃၆၀ ကျပ်၊ HSD(50 ppm),HSD(10 ppm)တစ်လီတာလျှင် ၂၄၄၀ ကျပ်တို့ရှိခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here