၂၀၂၃ ခုနှစ် တိုင်းနှင့် ပြည်နယ် လှေလှော်ပြိုင်ပွဲတွင် အားကစားသမား (၂၉၁) ဦးဝင်ရောက်ယှဥ်ပြိုင်

0
161

ရန်ကုန်မြို့၊ အင်းလျားကန်တွင် သြဂုတ် (၉) ရက်မှ (၁၁) ရက်အထိ ကျင်းပသည့် ၂၀၂၃ ခုနှစ် တိုင်းနှင့်ပြည်နယ်လှေလှော်ပြိုင်ပွဲတွင် အမျိုးသားအသင်း (၁၁) သင်း၊ အမျိုးသမီးအသင်း (၇)သင်းတို့မှ လှေလှော်အားကစားသမား (၂၉၁) ဦး ဝင်ရောက်ယှဥ်ပြိုင်လျက်ရှိကြောင်း သိရသည်။

ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို သြဂုတ် (၉) ရက်နံနက်ပိုင်းက အင်းလျားကန်ရှိ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ် ၌ ကျင်းပရာ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒု – ဝန်ကြီးဦးမျိုးလှိုင်တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

လှေလှော်ပြိုင်ပွဲအား လူငယ်မျိုးဆက်သစ်လှေလှော်အားကစားသမားများ ပေါ်ထွက်လာစေရေး၊ လှေလှော်အားကစားနည်းအား ပြည်သူအများ စိတ်ဝင်စားလာစေရေး၊ ပြည်နယ်နှင့် တိုင်းအသီးသီးမှ လာရောက်ယှဉ်ပြိုင်သည့် လှေလှော်အားကစားသမားများ အချင်းချင်းချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာလာစေရေးနှင့် လှေလှော်အားကစားနည်း အဆင့်အတန်း တိုးတက်မြင့်မားလာစေရေးတို့အတွက် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း ဒု-ဝန်ကြီးဦးမျိုးလှိုင်က ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ၊ ဟန်ကျိုးမြို့၌ ယခုနှစ်အတွင်းကျင်းပမည့် (၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲတွင် ရိုးရာလှေ ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဟုလည်း ပြောကြားခဲ့သည်။

ပြိုင်ပွဲ ပထမနေ့အဖြစ် မီတာ(၂၀၀) အမျိုးသား/အမျိုးသမီး (၇) တက် လှေပြိုင်ပွဲ၊ မီတာ (၂၀၀) အမျိုးသား/အမျိုးသမီး (၁၀) တက် လှေပြိုင်ပွဲ၊ မီတာ(၂၀၀) Mixed (၁၀) တက်လှေပြိုင်ပွဲများကို ကြည့်ရှုအားပေးကာ ပထမနေ့တွင် ဆုရရှိသူများအား ဒု-ဝန်ကြီးနှင့်တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here