ရန်ကုန်-မန္တလေး ၇ လအတွင်း ယာဉ်မတော်တဆမှုကြောင့် လူ ၆၀ ဦးသေဆုံးခဲ့

0
158

၂၀၂၃ ခုနှစ်၏ ၇ လတာကာလအတွင်း ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် ယာဉ်မတော်တဆမှုကြောင့် လူ ၆၀ ဦး သေဆုံးခဲ့ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လအထိ အမြန်လမ်းမကြီးပေါ်မှာ ယာဉ်မတော်တဆမှု ၉၇ မှု ဖြစ်ပွားခဲ့ပြီး ၁၃၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်တွင် စည်းကမ်းမလိုက်နာသည့် ယာဉ်များကိုအ‌ရေးယူဆောင်ရွက်ရာတွင် ယာဉ်စီးရေ လျော့ကျလာခဲ့ကြောင်း အဆိုပါရုံးမှသိရသည်။

အမြန်လမ်းတွင် ၂၀၂၃ ခုနှစ် ဇန်နဝါရီလအတွင်း၌ ယာဉ်မတော်တဆမှုပေါင်း၁၃ ကြိမ်ဖြစ်ပွား၍ ထိခိုက်ဒဏ်ရာရရှိသူ ကျား ၇ ဦး၊ မ ၆ ဦး၊ပေါင်း ၁၃ဦးနှင့် သေဆုံးသူ ကျား ၆ ဦး၊ မ ၂ ဦး၊ပေါင်း ၈ ဦး၊ဖေဖော်ဝါရီလအတွင်း၌ ယာဉ်မတော်တတဆမှုပေါင်း ၁၂ ကြိမ်ဖြစ်ပွား၍ထိခိုက်ဒဏ်ရာရရှိသူ ကျား ၇ ဦး၊ မ ၈ ဦး၊ ပေါင်း ၁၅ ဦး၊သေဆုံးသူ ကျား ၆ ဦး၊ မ ၅ ဦး၊ ပေါင်း ၁၁ ဦး၊ မတ်လအတွင်း၌ယာဉ်မတော်တတဆမှုပေါင်း ၁၅ ကြိမ်ဖြစ်ပွား၍ထိခိုက်ဒဏ်ရာရရှိသူ ကျား ၇ ဦး၊ မ ၈ ဦး၊ပေါင်း ၁၅ ဦး၊ သေဆုံးသူ ကျား ၉ ဦး၊မ ၂ ဦး၊ ပေါင်း ၁၁ ဦး၊ ဧပြီလအတွင်း၌ယာဉ်မတော်တတဆမှုပေါင်း ၂၀ ကြိမ်ဖြစ်ပွား၍ ထိခိုက်ဒဏ်ရာရရှိသူ ကျား ၂၀ ဦး၊ မ ၁၆ ဦး၊ပေါင်း ၃၆ ဦး၊ သေဆုံးသူ ကျား ၉ ဦး၊မ ၅ ဦး၊ ပေါင်း ၁၄ ဦး၊ မေလအတွင်း၌ ယာဉ်မတော်တတဆမှုပေါင်း ၁၆ကြိမ်ဖြစ်ပွား၍ ထိခိုက်ဒဏ်ရာရရှိသူ ကျား ၂၅ ဦး၊ မ ၄ ဦး၊ပေါင်း ၂၉ ဦး၊ သေဆုံးသူ ကျား ၆ ဦး၊ ဇွန်လအတွင်း၌ ယာဉ်မတော်တတဆမှုပေါင်း ရကြိမ်ဖြစ်ပွား၍ ထိခိုက်ဒဏ်ရာရရှိသူ ကျား ၇ ဦး၊မ ၁ ဦး၊ပေါင်း ၈ ဦး၊ သေဆုံးသူ ကျား ၃ ဦးနှင့် ဇူလိုင်လအတွင်း၌ယာဉ်မတော်တတဆမှုပေါင်း ၁၄ ကြိမ်ဖြစ်ပွား၍ ထိခိုက်ဒဏ်ရာရရှိသူ ကျား ၈ ဦး၊မ ၈ ဦး၊ပေါင်း ၁၆ ဦး၊ သေဆုံးသူ ကျား ၄ ဦး၊မ ၃ ဦး၊ ပေါင်း ၇ ဦး ရှိခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here