ပဲခူးမြို့သို့ ရေဘေးကယ်ဆယ်ရေးသွားသည့် လူမှုကူညီရေးအသင်း၏ လူနာတင်ယာဥ်ပစ်ခတ်ခံရ၍ တစ်ဦးဒဏ်ရာရ

0
388

ပဲခူးမြို့သို့ ရေဘေးကယ်ဆယ်ရေးလုပ်ငန်းများသွားရောက်ကူညီမည့် ရွှေကျင်မောင်မယ် အရေးပေါ်လူမှုကူညီရေးအသင်း၏ လူနာတင်ကား ယနေ့ သြဂုတ် (၁၁) ရက်နံနက်ပိုင်းက ပစ်ခတ်ခံခဲ့ရကြောင်း သိရသည်။

ယနေ့နံနက် (၉) နာရီကျော်ခန့်က ရွှေကျင်မောင်မယ်အရေးပေါ်လူမှုကူညီရေးမှ အသင်းဝင်များသည် ပဲခူးမြို့သို့ ရေဘေးကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် အသင်းပိုင်လူနာတင်ယာဉ်ဖြင့် ညောင်လေးပင် – မဒေါက် – ရွှေကျင်လမ်းအတိုင်းမောင်းနှင်လာစဥ် ပုဇွန်မြောင်းကျေးရွာအရောက် သေနတ်များဖြင့် ပစ်ခတ်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ပစ်ခတ်ခံရမှုကြောင့် ကားမှန်ကွဲကာ ကားပေါ်တွင်လိုက်ပါလာသည့် ရွှေကျင်မောင်မယ်အရေးပေါ်လူမှုကူညီရေးအသင်းဝင် အမျိုးသားတစ်ဦး၌ မှန်ကွဲစထိမှန်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဥ်တွင် လူနာတင်ယာဥ်တွင် ကျည်ဖောက်ဝင်နေရာတစ်နေရာနှင့် ကျည်ရှပ်မှန်နေရာတစ်နေရာရှိခဲ့ပြီး ဖြစ်စဥ်အား လူမှုကူညီရေးအသင်းဝင်များက လုံခြုံရေးဂိတ်များအား သတင်းပေးပို့ကာ ကူညီမှုများသွားရောက်ပြုလုပ်ပေးမည့် ပဲခူးမြို့သို့ဆက်လက်ထွက်ခွာခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here