တရုတ်မြောက်ပိုင်း၌ ရုတ်တရက်ရေကြီးမှုကြောင့် သိုးကျောင်းသား ၅ ဦးသေဆုံး

0
181

ပေကျင်း၊ဩဂုတ် ၁၁

တရုတ်နိုင်ငံအနောက်မြောက်ပိုင်းဒေသ၌ ရုတ်တရက်ရေကြီးမှုကြောင့် သိုးကျောင်းနေသည့်ရွာသား ၅ ဦးသေဆုံးကာ ၎င်းတို့၏ကားများလည်း ရေထဲမျောပါသွားကြောင်း ဒေသတွင်းမီဒီယာများကပြောကြားခဲ့သည်။

၎င်းတို့သည် စုစုပေါင်းခုနစ်ဦးလာရောက်ခြင်းဖြစ်ပြီး မုန်တိုင်းကျလာချိန်၌ မြစ်ဘေးတွင်ရပ်ထား‌သော ၎င်းတို့စီးလာသည့်ကားများပေါ်သို့တက်နေနေကြသည်။ထိုသို့နေနေရာမှ လူငါးဦးစုနေနေသောကားမှာ ရေစီးနှင့်မျောပါသွားခြင်းဖြစ်ကာ ကျန်ကားတစ်စီးနှင့်လူနှစ်ဦးကိုမူကယ်တင်နိုင်ခဲ့ကြောင်းသိရသည်။

ပေကျင်း၌ နှစ်ပေါင်း ၁၄၀ အတွင်း စံချိန်တင်မိုးသည်းထန်စွာရွာသွန်းခဲ့သဖြင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်ကာ သေဆုံးသူ ၃၃ ဦးအထိရှိခဲ့ကြောင်း သက်ဆိုင်ရာမှထုတ်ပြန်ကြေငြာခဲ့သည်။

ယခုတစ်ပတ်အတွင်း၌ပင် အနောက်တောင်ဘက်ရှိ စီချွမ်ပြည်နယ်မှ ရေထိန်းဧရိယာတစ်ခု၌ ဓာတ်ပုံရိုက်ကူးနေသူနိုင်ငံခြားသားခုနစ်ဦးသည်လည်း ‌ဆည်ကျိုးပြီးစီးလာသည့်ရေစီးနှင့်မျောပါသေဆုံးသွားကြောင်းသိရသည်။

လွန်ကဲသောရာသီဥတုသည် မကြာသေးမီနှစ်များအတွင်း တရုတ်နိုင်ငံ၌မကြာခဏဖြစ်ခဲ့ပြီး ရာသီဥတုပြောင်းလဲမှုအရှိန်အဟုန်နှင့် ပတ်သက်၍ စိုးရိမ်မှုများလည်းမြင့်တက်လာခဲ့သည်။

Source : ရိုက်တာ/ဂျီအေ


LEAVE A REPLY

Please enter your comment!
Please enter your name here