အမှိုက်ကန်၌စွန့်ပစ်ထားသည့် တရုတ်စာတန်းပါဆေးလိပ်များသောက်မိ၍ အမျိုးသား ၄ ဦးသတိလစ်သွားခဲ့မှု ဒဂုံတောင်ပိုင်းတွင်ဖြစ်ပွား

0
287

ရန်ကုန်တိုင်း၊ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ၂၄ ရပ်ကွက်ရှိ အမှိုက်ကန်တွင်စွန့်ပစ်ထားသည့် တရုတ်စာတန်းပါ ဆေးလိပ်ဗူးအတွင်းမှ ဆေးလိပ်များယူသောက်မိ၍ စည်ပင်ဝန်ထမ်း ၂ ဦးအပါအဝင် အမျိုးသား ၄ ဦး သတိလစ်သွားခဲ့မှု သြဂုတ် ၁၀ ရက်နေ့လည် ၁ နာရီကျော်ခန့်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

” ၂၄ ရပ်ကွက် နံ့သာမြိုင်လမ်းနဲ့နဝရတ်(၁)လမ်းထောင့်မှာရှိတဲ့ စည်ပင်အမှိုက်ကန်မှာ ဒဂုံတောင်မြို့နယ်စည်ပင်က သန့်ရှင်းရေးဝန်ထမ်းတွေ အမှိုက်လာသိမ်းရင်း တရုတ်စာတမ်းပါတဲ့ဆေးလိပ်ဗူးထဲက ဆေးလိပ်တွေယူသောက်ပြီး သတိလစ်သွားကြတာ အဲဒီဆေးလိပ်ဗူးကိုလည်း သက်ဆိုင်ရာကျန်းမာရေးဌာနကိုပို့ပေးလိုက်ပါပြီ”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ဖြစ်စဥ်ကြောင့် စည်ပင်ဝန်ထမ်းများဖြစ်သည့် ကိုကျော်ဇင်သော်၊ကိုအာကာကြီးနှင့်အမည်(စုံစမ်းဆဲ)အမျိုးသား ၂ ဦး(စုစုပေါင်း ၄ ဦး)တို့သည် ဆေးလိပ်သောက်ပြီးနောက် သတိလစ်နေသဖြင့် ရှင်သန်ခွင့်လူမှုကူညီရေးအသင်းမှ မြောက်ဥက္ကာလာပပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here