ကမ္ဘောဒီးယားအစိုးရ အဖွဲ့ဝင်သစ်များကိုထုတ်​ဖော်

0
206

ကြာသပတေးနေ့မွန်းလွဲပိုင်းတွင်
ဖနွမ်းပင်မြို့ရှိ ကမ္ဘောဒီးယားပြည်သူ့ပါတီ (CPP) ရုံးချုပ်တွင် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်သည် ​ဒေါက်တာဟွန်မာနက်တို့အစိုးရသစ်ဖြစ်လာမည့်အဖွဲ့နှင့် တွေ့ဆုံပြီးနောက် အစိုးရအဖွဲ့အသစ်၏ အဖွဲ့လိုက် ဓာတ်ပုံရိုက်နေသည့် ဓာတ်ပုံများကို လူမှုမီဒီယာတွင် ဖော်ပြခဲ့သည်။

ကက်ဘိနက်အဖွဲ့ဝင်အသစ်များစာရင်းမူကြမ်းအရ ငါးနှစ်သက်တမ်းအစိုးရအဖွဲ့သစ်ကို ဝန်ကြီး ချုပ်တစ်ဦး၊ဒုတိယ၀န်ကြီးချုပ် ၁၀ ဦး၊ အကြီးတန်းဝန်ကြီး ၁၁ ဦးနှင့် ဝန်ကြီး ၃၀ တို့ဖြင့် ဖွဲ့စည်းမည်ဖြစ်သည်။

ဟွန်မာနက်သည် ၎င်း၏အစိုးရအဖွဲ့ဝင်အသစ်များနှင့်အတူ သြဂုတ် ၂၂ ရက်တွင်ကျင်းပမည့် အမျိုးသားလွှတ်တော်၌ ကန့်ကွက်မဲမရှိပါက ၎င်းတို့သည် ထိုနေ့တွင်ပင် ကျမ်းသစ္စာကျိန်ဆိုမည်ဟု မျှော်လင့်ရသည်။

REF:ဆင်ဟွာ


LEAVE A REPLY

Please enter your comment!
Please enter your name here