“မိုခါ”မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် လာအိုနိုင်ငံမှ အမေရိကန်ဒေါ်လာ ၅ သောင်းလှူဒါန်း

0
246

မြန်မာနိုင်ငံမှ “မိုခါ”မြန်တိုင်းဒဏ်သင့်ပြည်သူများ၏ ပြန်လည် ထူထောင်ရေးလုပ်ငန်းများ၌ အသုံးပြုရန် လာအိုနိုင်ငံမှ အမေရိကန်ဒေါ်လာ ၅ သောင်းအား သြဂုတ် ၁၁ ရက်က လှူဒါန်းခဲ့ကြောင်း သိရသည်။

အလှူငွေအား လာအိုနိုင်ငံခြားရေးဝန်ကြီးဌာန ဒု- ဝန်ကြီး H.E. Mr. Phoxay Khaykhamphithoune က လာအိုနိုင်ငံခြားရေးဝန်ကြီးဌာန၌ ပေးအပ်လှူဒါန်းရာ မြန်မာသံအမတ်ကြီးဦးမြတ်သက်ဦးက လက်ခံရခဲ့သည်။

ထို့ပြင် မြန်မာသံအမတ်ကြီးမှ အလှူငွေများအား မြန်မာနိုင်ငံသို့ ဆက်လက်လွှဲပြောင်းပေးအပ်သွားမည်ဖြစ်ကာ လာအိုနိုင်ငံအစိုးရနှင့်ပြည်သူများ၏ အိမ်နီးချင်းကောင်းပီသစွာ ပံ့ပိုးကူညီမှုများကို ကျေးဇူးတင်ရှိသည်ဟု ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here