မော်စကိုမြို့ပေါ်တွင် ပျံသန်းနေသော ဒရုန်းတစ်စီးကို ပစ်ချခဲ့ပြီးနောက် Vnukovo လေဆိပ်တွင် လေကြောင်းခရီးစဉ်များ ခေတ္တရပ်နား

0
305

ရုရှားလေကြောင်းရန်ကာကွယ်ရေးစနစ်များက မော်စကိုမြို့ပေါ်တွင် ပျံသန်းနေသော ဒရုန်းတစ်စီးကို ပစ်ချခဲ့ပြီးနောက် nukovo အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် လေယာဉ်ပျံသန်းမှုများကို ခေတ္တရပ်နားထာကြောင်း မြို့တော်ဝန် ဆာဂျီဆိုဘီယန်နင်က သောကြာနေ့ နံနက်ပိုင်းက ပြောကြားခဲ့သည်။

မော်စကိုမြို့ အနောက်တောင်ဘက် ကီလိုမီတာ ၂၀၀ ခန့်အဝေးရှိ Kaluga လေဆိပ်ကိုလည်း သောကြာနေ့အစောပိုင်းတွင် ရှင်းလင်းချက်မရှိဘဲ ယာယီပိတ်ထားခဲ့သည်။

“ဒရုန်းတစ်စင်းက မြို့ပေါ်ကို ဖြတ်ပြီး ပျံသန်းဖို့ ကြိုးစားတယ်။ အဲဒါကို လေကြောင်းရန်ကာကွယ်ရေးစနစ်က ပစ်ချခဲ့ရပါတယ်” ဟု ဆာဂျီဆိုဘီယန်နင်က Telegramတွင် ရေးသားခဲ့သည်။

မော်စကိုအနောက်ပိုင်းရှိ Karamyshevskaya ဒေသတွင် ပြုတ်ကျခဲ့သော ဒရုန်းအပျက်အစီးများကြောင့် ထိခိုက်ဒဏ်ရာရခြင်း သို့မဟုတ် ပြင်းထန်သော ပျက်စီးခြင်း မရှိခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဆိုရှယ်မီဒီယာတွင် မျှဝေထားသည့် ဗီဒီယိုတစ်ခုတွင်မူ Moskva မြစ်ကမ်းပါးပေါ်ရှိ အထပ်ပေါင်း အဆောက်အအုံတစ်ခုအနီးတွင် မီးခိုးငွေ့များ ထွက်နေသည်ကို တွေ့ရသည်။

ယင်းဒရုန်းသည် မည်သည့်အမျိုးအစားဖြစ်ကြောင်းကိုမူ ဆာဂျီဆိုဘီယန်နင်က ပြောကြားခြင်း မရှိပေ။


LEAVE A REPLY

Please enter your comment!
Please enter your name here