သီရိမင်္ဂလာစျေးဟောင်း အဆောက်အအုံအား ဖြိုဖျက်ရောင်းချရန် တင်ဒါခေါ်ယူ

0
516

ရန်ကုန်တိုင်း၊ကြည့်မြင်တိုင်မြို့နယ်၊ကမ်းနားလမ်းရှိ ရန်ကုန်မြို့တော်စည်ပင်ပိုင် သီရိမင်္ဂလာစျေးဟောင်းအဆောက်အအုံအား ဖြိုဖျက်ရောင်းချသွားမည်ဖြစ်၍ ဆောင်ရွက်လိုသူများအား YCDC ၏ တင်ဒါကော်မတီမှ တင်ဒါခေါ်ယူလျက်ရှိသည်။

သီရိမင်္ဂလာစျေးဟောင်း၏ (၈၁၆ ‘ × ၂၃၇ ‘) ၅ ထပ် RC အဆာက်အအုံဟောင်းအား ဖြိုဖျက်ရောင်းချမည်ဖြစ်၍ ဆောင်ရွက်လိုသည့် လူပုဂ္ဂိုလ်/အဖွဲ့အစည်း/ကုမ္ပဏီများအား တင်ဒါတင်သွင်းရန်ဖိတ်ခေါ်ကာ တင်ဒါပုံစံများအား သြဂုတ် ၂၁ ရက်မှ ၃၀ ရက်အထိ ရောင်းချပေးသွားမည်ဖြစ်ကာ စက်တင်ဘာ ၁ ရက်တွင် တင်ဒါများအား နောက်ဆုံးတင်သွင်းရမည်ဖြစ်သည်။

တင်ဒါပုံစံနှင့်စည်းကမ်းချက်များကို ဗိုလ်တထောင်မြို့နယ်၊ကုန်သည်လမ်းရှိ အင်ဂျင်နီယာဌာန (အဆောက်အအုံ)၊ ၁၂၁/၂ ထပ်ရုံး၊ ၈ လွှာတွင် ရုံးချိန်အတွင်း ဝယ်ယူ/တင်သွင်းရမည်ဖြစ်ကာ တင်ဒါပွဲကျင်းပမည့်ရက်အား ကြိုတင်အသိပေးအကြောင်းကြားသွားမည်ဖြစ်သည်။

ထို့ပြင် အသေးစိတ်သိရှိလိုသည်များနှင့်မြေပြင်အခြေအနေအားသိရှိလိုသူများအနေဖြင့် အင်ဂျင်နီယာဌာန(အဆောက်အအုံ)(သို့) ဖုန်း ၀၉ ၈၉၁၈၀၃၀၆၉ သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းကာ သွားရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here