ဖာပွန်မြို့တွင် လူမရှိသည့်အစိုးရရုံး ၄ ရုံး၊ဝန်ထမ်းလိုင်းခန်းနှင့်ခရိုင်မှူးနေအိမ်တို့တွင် မိုင်းပေါက်ကွဲမှုများဖြစ်ပွား

0
309

ကရင်ပြည်နယ်၊ဖာပွန်မြို့တွင် လူမရှိသည့်အစိုးရရုံး ၄ ရုံး၊ထွေအုပ်ဝန်ထမ်းလိုင်းခန်းနှင့် လဝက ခရိုင်မှူးနေအိမ်တို့တွင် သြဂုတ် ၁၁ ရက်ညပိုင်းကမိုင်းပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယမန်နေ့ည ၁၁ နာရီခန့်က ဖာပွန်မြို့ရှိ ခရိုင် လဝက ရုံး၊ စာရင်းစစ်ရုံး၊ အခွန်ရုံး၊ မြို့နယ်တရားရုံး၊ ထွေအုပ်ဝန်ထမ်းလိုင်းခန်းနှင့် လဝက ခရိုင်မှူးနေအိမ်တို့တွင် မိနစ်ပိုင်းသာခြား၍ မိုင်းပေါက်ကွဲမှုများဖြစ်ပွားခဲ့ကြောင်း သိရသည်။

“အခု မိုင်းတွေပေါက်ကွဲတဲ့နေရာတွေက လူမရှိတော့တာကြာပြီ ရုံးပိုင်းဆိုင်ရာပစ္စည်းတွေလည်း မရှိတော့ဘူး အဆောက်အအုံကြီးပဲကျန်တာပါ ဒါ့ကြောင့် လူထိခိုက်တာမရှိပါဘူး အဆောက်အအုံတွေကတော့ ပျက်စီးတာတွေရှိတယ်”ဟု ဒေသခံတစ်ဦးကပြောသည်။

ဖြစ်စဥ်များအား လုံခြုံရေးအဖွဲ့ဝင်များက စစ်ဆေးမှုများပြုလုပ်ရာ ခရိုင် လဝက ရုံးအတွင်း၌ မပေါက်ကွဲသေးသည့် မိုင်း ၄ လုံးအားတွေ့ရှိခဲ့ရသဖြင့် ဖယ်ရှားရှင်းလင်းခဲ့ကြပြီး မိုင်းပေါက်ကွဲမှုများကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here