ထိုင်ဝမ်ဒုသမ္မတ၏ အတိမ်းအစောင်းမခံသော အမေရိကန်ခရီးစဉ်စတင်

0
403

တိုင်ပေ၊ဩဂုတ် ၁၂

တရုတ်နိုင်ငံကအပြင်းအထန်ရှုံ့ချထားပြီး ထိုင်ဝမ်အရာရှိများက တရုတ်၏စစ်ရေးလေ့ကျင့်မှုများပိုတိုးလာစေနိုင်သည်ဟုယူဆထားသည့် ထိုင်ဝမ်ဒုတိယသမ္မတဝီလျံလိုင်၏ အတိမ်း အစောင်း မခံသော အမေရိကန်ခရီးစဉ်အား ယနေ့စတင်ခဲ့ကြောင်းသိရသည်။

ဇန်နဝါရီလတွင်ပြုလုပ်မည့်ထိုင်ဝမ်ရွေးကောက်ပွဲ၌ သမ္မတဖြစ်လာနိုင်ချေအတွက် တစ်ပြေးနေသည့် ဒုတိယသမ္မတဝီလျံလိုင်ကမူ ၎င်း၏ပါရာဂွိုင်းခရီးစဉ်အတွင်း အမေရိက လေဆိပ်၌ခေတ္တခဏ လေယာဥ်ပြောင်းစီးခြင်းသာဖြစ်ကြောင်းဆိုသည်။

တိုင်ပေနှင့်ဝါရှင်တန်တို့က ခရီးစ‌ဉ်အတွင်း လေယာဥ်ပြောင်းစီးသည့်ကိစ္စသည် လုပ်ရိုးလုပ်စဉ်တစ်ခုသာ ဖြစ်ပြီး မည်သည့်ရန်စ သော သ‌ဘောမှမပါဟုဆိုသော်လည်း ထိုင်ဝမ်အား၎င်း၏ပိုင်နက်အဖြစ်ယူဆထားသည့်ပေကျင်းကမူ ယင်းလုပ်ရပ်သည် တိုင်ပေအတွက်အမေရိက၏ထောက်ပံ့မှုကိုပြသနေသည်ဟုဆိုကာ အကြီးအကျယ်ဒေါသထွက်ခဲ့သည်။

ထိုင်ဝမ်အရာရှိအချို့ကမူ တရုတ်သည် ဒုတိယသမ္မတလိုင်၏ယခုခရီးစဉ်အားခေါင်းစဉ်တပ်ကာ လာမည့်အပတ်တွင် ကျွန်းအနီး၌စစ်ရေးလေ့ကျင့်မှုပြုလုပ်လာနိုင်သည်ဟုခန့်မှန်းထားကြသည်။

ထိုင်ဝမ်လွတ်မြောက်ရေးအတွက် လက်တွေ့ကျကျလုပ်ဆောင်သူဟုကြွေးကြော်ထားပြီး ရွေးကောက်ပွဲအနိုင်ရလာလျှင်လည်း လက်ရှိအနေအထားကိုပြောင်းလဲမည်မဟုတ်ဟုဆိုထားသည့် ဒုတိယသမ္မတဝီလျံလိုင်ကိုလည်း တရုတ်နိုင်ငံကနှစ်သက်ခြင်းမရှိပေ။

ဒုတိယသမ္မတလိုင်၏ ပါရာဂွိုင်းခရီးစဉ်အတွင်း အမေရိက လေဆိပ်၌ခေတ္တရပ်နားမည့်အချိန်အတွက် အသေးစိတ်အစီအစဉ်အား ထိုင်ဝမ်ရောအမေရိကဘက်ကပါ ထုတ်ဖော်ကြေငြာထားခြင်းမရှိပေ။

မစ္စတာလိုင်သည် ဆန်ဖရန်စစ္စကိုမှတစ်ဆင့် လေယာဥ်ပြောင်းစီးမည်ဖြစ်ပြီး လေဆိပ်အတွင်း၌ပင် မီဒီယာများနှင့်တွေ့ဆုံစကားပြောမည်ဟုလည်းသိရသည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here