ဖူကူရှီးမားရေဆိုးစွန့်ထုတ်မှုအား တောင်ကိုရီးယားမှတက်ကြွလှုပ်ရှားသူများကန့်ကွက်ဆန္ဒထုတ်ဖော်

0
225

ဆိုးလ်၊ဩဂုတ် ၁၃

တောင်ကိုရီးယားနိုင်ငံမှတက်ကြွလှုပ်ရှားသူများသည် ဆူနာမီဒဏ်သင့်ဖူကူရှီးမားနျူစက်ရုံမှ ရေဒီယိုသတ္တိကြွရေဆိုးများကို စွန့်ထုတ်ရန် ဂျပန်၏အစီအစဉ်အား ဆန့်ကျင်ကန့်ကွက်ခဲ့ကြကြောင်းသိရသည်။

ဂျပန်နိုင်ငံသည် ၎င်း၏အစီအစဉ်အား ယခုဩဂုတ်လကုန်ပိုင်းတွင်စတင်မည်ဖြစ်ကြောင်း အစိုးရသတင်းအရင်းအမြစ်အရသိရသည်။

“ဒီ‌ရေတွေကိုစွန့်ထုတ်လိုက်မယ်ဆိုရင် ညစ်ညမ်းရေထဲမှာပါရှိတဲ့ ရေဒီယိုသတ္တိကြွပစ္စည်းတွေဟာ အဏ္ဏဝါဂေဟစနစ်ကိုပျက်ပြားစေမှာပါ” ဟု ဆန္ဒပြပွဲကို စီစဉ်သည့် Korea Radiation Watch မှ တက်ကြွလှုပ်ရှားသူ Choi Kyoungsook ကပြောကြားခဲ့သည်။

“ဒီကိစ္စကိုကျွန်တော်တို့ကန့်ကွက်ပါတယ်၊ဘာလို့လဲဆိုရင်ပင်လယ်ကိုဂျပန်အစိုးရတစ်ခုတည်းပိုင်တာမဟုတ်ဘဲ ကျွန်တော်တို့လူသားမျိုးနွယ် တစ်ရပ်လုံးကပိုင်တာကြောင့်ပါ” ဟုလည်း၎င်းကဆိုသည်။

ရာနှင့်ချီသောဆန္ဒပြသူများသည် “ပြည်တွင်း၌သာ ထိန်းသိမ်းပါ” နှင့် “ပစိဖိတ်သမုဒ္ဒရာကို ကာကွယ်ပါ” ဟူသောစာသားများပါဝင်သည့်ဆိုင်းဘုတ်များ ကိုင်ဆောင်ကာဆန္ဒထုတ်ဖော်နေကြသည်။

ဂျပန်သည်ပြီးခဲ့သည့်လက ဖူကူရှီးမား‌ရေဆိုးထုတ်လွှတ်ခွင့်အား နိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်စီမှရရှိခဲ့ခြင်းဖြစ်ပြီး ပြည်တွင်းပြည်ပကန့်ကွက်မှုများရှိနေသော်လည်း အဆိုပါရေများသည် အဏ္ဏဝါဂေဟစနစ်အတွက် မထိခိုက်နိုင်ဟုဆိုကာ ရေဆိုးစွန့်ထုတ်ရန်စီစဉ်ခဲ့ခြင်းဖြစ်သည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here