မျိူးဆက်သစ် ဒရုန်းစနစ် ယခုနှစ်ကုန်ပိုင်းတွင် ယူကရိန်းသို့ ဂျာမနီပေးပို့မည်ဟုဆို

0
424

ဂျာမနီနိုင်ငံ၏ မော်တော်ယာဉ်နှင့် လက်နက်ထုတ်လုပ်သည့် Rheinmetall ကုမ္ပဏီသည် Luna New Generation ဒရုန်းစနစ်ကို ၂၀၂၃ ခုနှစ်ကုန်ပိုင်းတွင် ယူကရိန်းသို့ ပို့ဆောင်ပေးမည်ဖြစ်ကြောင်း ကုမ္ပဏီသတင်းရင်းမြစ်များကို ကိုးကား၍ Bildam Sonntag သတင်းဌာနက သြဂုတ် ၁၂ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါ စနစ်တွင် မောင်းသူမဲ့ လေယာဉ်များနှင့်အတူ ပစ်လွှတ်သည့် စင်များ၊ စစ်ထရပ်ကားများအတွင်းတည်ဆောက်ထားသော မြေပြင်ထိန်းချုပ်ရေးစခန်းတစ်ခု ပါဝင်မည်ဖြစ်ကြောင်း ယင်းသတင်းကဆိုသည်။ ယင်း ဒရုန်းစနစ်ကို ကင်းထောက်စနစ်အဖြစ် အသုံးပြုနိုင်ပြီး အင်တာနက် LTE ကွန်ရက်နှင့်အတွက် ဆက်သွယ်ရေးစနစ်အဖြစ်လည်း အသုံးပြုနိုင်သည်။

ဗြိတိန်အခြေစိုက် ပဋိပက္ခဆိုင်ရာ လက်နက် သုတေသနအဖွဲ့က ဩဂုတ်လအစောပိုင်းတွင် ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတွင်မူ ရုရှားသည် အီရန်ထံမှရရှိသော တိုက်ခိုက်ရေးဒရုန်းများကို ပုံတူကူးယူကာ ယူကရိန်းကို တိုက်ခိုက်ရန် အသုံးပြုနေပြီဖြစ်ကြောင်း ဖော်ပြခဲ့သည်။ အီရန်လုပ် Shahed kamikaze ဒရုန်းများသည် ရုရှား၏ အထိရောက်ဆုံးလက်နက်များထဲမှ တစ်ခုဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here