ရေနစ်မြုပ်ခဲ့သည့် ဒေသများရှိရေတွင်း၊ရေကန်များမှရေများအား ကြိုချက်ပြီးမှသောက်သုံးနှင့်ကလိုရင်းဆေးထည့်ရန်နိုးဆော်

0
412

မွန်ပြည်နယ်၊သထုံမြို့နယ်၊ဒုံဝန်းကျေးရွာရှိ ရေကြီးရေလျှံမှုကြောင့်ရေနစ်မြုပ်ခဲ့သည့် ရေတွင်းရေကန်များအတွင်းသို့ ကလိုရင်းဆေးများကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် နှောင်ကြိုးမဲ့လူမှုကူညီရေးအသင်းမှ လိုက်လံထည့်ပေးလျက်ရှိကြောင်း သိရသည်။

“ဒုံဝန်းကျေးရွာ နိမ့်ပိုင်းရပ်ကွက်‌တွေမှာ(၁၀)ရက်နီးပါးလောက်ရေမြုပ်ခဲ့တော့ ရေတွင်းရေကန်တွေ မြုပ်ကုန်တယ် ဒါကြောင့် ရေတွေမသန့်ရှင်းတော့တဲ့အတွက် ဝမ်းရောဂါနဲ့ကူးစက်ရောဂါတွေမဖြစ်အောင် ကျန်းမာရေးဌာနနဲ့ပေါင်းပြီး ကလိုရင်းဆေးခပ်ပေးတာပါ”ဟု နှောင်ကြိုးမဲ့လူမှုကူညီရေးအသင်းတာဝန်ရှိသူကပြောသည်။

ထိုသို့ ရေတွင်းရေကန်များအတွင်း ကလိုရင်းဆေးများထည့်ပေးခြင်းအပြင် ရေနစ်မြုပ်ခဲ့သည့် ဘုန်းတော်ကြီးကျောင်းများနှင့်နေအိမ်များ၌ သောက်သုံးရေအဆင်ပြေစေရေးအတွက် သောက်ရေသန့်ဘူးများကိုလည်း လှူဒါန်းပေးခဲ့ကြကြောင်း သိရသည်။

လက်ရှိအချိန်၌ ရေနစ်မြုပ်ခဲ့သည့် ရေတွင်း၊ရေကန်များမှရေများအား ကြိုချက်ပြီးမှသာသောက်သုံးကြရန် လူမှုကူညီရေးအသင်းဝင်များက မေတ္တာရပ်ခံအသိပေးနှိုးဆော်ထားကြောင်း သိရသည်။

နှောင်ကြိုးမဲ့လူမှုကူညီရေးအသင်းမှ ဒုံးဝန်းကျေးရွာအတွင်း၌ သောက်ရေသန့်ဘူးများလှူဒါန်းခြင်း၊ကလိုရင်းဆေးများထည့်သွင်းပေးခြင်းနှင့်ကူး စက်ရောဂါများဖြစ်ပွားမှုမရှိစေရေးတို့အတွက် အသိပညာပေးခြင်းတို့ကို ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏လမ်းညွှန်မှုဖြင့် ကျေးရွာအတွင်း နေ့စဉ် လိုက်လံ‌ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here