နိုင်ငံတော်သံစုံတီးဝိုင်းမှ ASEAN Anthem သံစဉ်ကိုတီးမှုတ်ဖျော်ဖြေတင်ဆက်

0
434

ရန်ကုန်တိုင်း၊ရန်ကင်းမြို့နယ်၊မြဝတီမီဒီယာစင်တာရှိ Theatre ၌ သြဂုတ် ၁၃ ရက်မွန်းလွဲပိုင်းက နိုင်ငံတော်သံစုံတီးဝိုင်းမှ ASEAN Anthem သံစဉ်ကိုတီးမှုတ်တင်ဆက်ကာ နိုင်ငံကျော်တေးသံရှင်များနှင့်အတူ ဖျော်ဖြေတင်ဆက်မှုများပြုလုပ်ခဲ့ကြသည်။

ပြန်ကြားရေးဝန်ကြီးဌာန၊မြန်မာ့အသံနှင့်ရုပ်မြင်သံကြား နိုင်ငံတော်သံစုံတီးဝိုင်း၏ ဖျော်ဖြေတင်ဆက်မှုများအား နစက ဥက္ကဋ္ဌနှင့်ဇနီးတို့မှ တာဝန်ရှိသူများနှင့်အတူ ကြည့်ရှုအားပေးခဲ့ကြသည်။

နိုင်ငံတော်သံစုံတီးဝိုင်းမှ ASEAN Anthem သံစဉ်နှင့်နိုင်ငံတော်သံစုံတီးဝိုင်း၏ ပဏာမတေးသွား (MNSO Overture)၊တူရိယာအမျိုးအစားများအလိုက် တီးမှုတ်ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။

ထို့နောက် နိုင်ငံတော်သံစုံတီးဝိုင်းနှင့်အတူ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ တေးသံရှင်များ၊နိုင်ငံကျော်ရုပ်ရှင်နှင့်ဂီတအနုပညာရှင်များက မြန်မာသံစဉ်များ၊ခေတ်ပေါ်သံစဉ်များနှင့်နိုင်ငံတကာ ကမ္ဘာကျော်တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။

ထို့ပြင် နိုင်ငံတော်သံစုံတီးဝိုင်းမှ နိုင်ငံတော်သီချင်းကိုတီးမှုတ်ခဲ့ပြီး ဖျော်ဖြေတင်ဆက်မှုများအပြီးတွင် နစက ဥက္ကဋ္ဌနှင့်ဇနီးတို့မှ နိုင်ငံတော်သံစုံတီးဝိုင်းဖျော်ဖြေရေးအဖွဲ့နှင့်ပြင်ပအဆိုရှင်များအား ဂုဏ်ပြုပန်းခြင်းများနှင့်ဂုဏ်ပြုဆုငွေများကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here