ကုန်သည်စက်မှုအသင်းချုပ်နှင့်အင်ဒိုနီးရှားသံရုံးတို့ စီးပွားရေးပူးပေါင်း ဆောင်ရွက်မှု အခွင့်အလမ်းများကို ရှာဖွေနိုင်ရန်ဆွေးနွေး

0
146

အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့၌ အာဆီယံထိပ်သီးအစည်းအဝေး ASEAN Business & Investment Summit 2023 ကို ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ (၃~၄)ရက်နေ့တွင် ကျင်းပမည်ဖြစ်သည်။

ထိုပွဲသို့ ပုဂ္ဂလိကကဏ္ဍကိုယ်စားပြုအဖြစ် ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌ ဦးအေးဝင်း (Chair, ASEAN-BAC Myanmar) ဦးဆောင်သည့် ASEAN-BAC Myanmar အဖွဲ့ဝင်များတက်ရောက်ကြမည်ဖြစ်သည်။

UMFCCI နှင့် အင်ဒိုနီးရှားသံရုံးမှ တာဝန်ရှိသူများ၊ ABIS Organizer တို့သည် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁၁ ရက်နေ့တွင် အင်ဒိုနီးရှားသံရုံး (ရန်ကုန်) ၌ ကျင်းပသည့် Afternoon Tea Party ၌ ရင်းရင်းနှီးနှီးတွေ့ဆုံ၍စီးပွားရေးပူးပေါင်းဆောင်ရွက်မူကိစ္စများဆွေးနွေးခဲ့ကြသည်။

အင်ဒိုနီးရှားသံရုံး (ရန်ကုန်) ၏ Charge d’ Affairs ဖြစ်သူ Mr. Dicky Komar က နှစ်နိုင်ငံအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှု
မြှင့်တင်ဆောင်ရွက်လိုပြီး ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်၊ လျှပ်စစ်ကားများ၊  စားသုံးဆီ၊ သတ္တုတူးဖော်ခြင်းစသည့်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်နိုင်ရေးတို့ကိုဆွေးနွေ့ခဲ့သည်။

အသင်းချုပ်ဥက္ကဋ္ဌ ဦးအေးဝင်းက အင်ဒိုနီးရှား – မြန်မာ နှစ်နိုင်ငံရေရှည်တည်တံသည့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို ပိုမိုအလေးထား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ASEAN Business & Investment Summit 2023 အတွက် ယခုတွေ့ဆုံမှုမှတစ်ဆင့် နှစ်ဦးနှစ်ဖက်အကျိုးရှိမည့် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှု အခွင့်အလမ်းများကို ရှာဖွေနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ABIS Organizer ဖြစ်သူ Mr. Thomas Noto Suenoto နှင့် Mr. Alvin တို့က မကြာမီ ကျင်းပမည့် ASEAN Business & Investment Summit 2023 ဆိုင်ရာ အကြောင်းအရာများနှင့် အချက်အလက်များကို ရှင်းလင်းတင်ပြခဲ့ကြသည်။

ဓါတ်ပုံ-ကုန်သည်စက်မှုအသင်းချုပ် (UMFCCI)


LEAVE A REPLY

Please enter your comment!
Please enter your name here