ထိုင်ဝမ်ဒုသမ္မတ၏အမေရိကန်ခရီးစဉ်သည် ပြဿနာရှာသည့်ခရီးသာဖြစ်ဟုတရုတ်ရှုံ့ချ

0
153

ပေကျင်း၊ဩဂုတ် ၁၃

ထိုင်ဝမ်ဒုသမ္မတဝီလျံလိုင်သည် ခွဲထွက်ရေးသမားတစ်ဦးဖြစ်ပြီး ပြဿနာရှာသူတစ်ဦးဖြစ်သည်ဟုဆိုကာ ၎င်း၏အမေရိကန်ခရီးစဉ်အား တရုတ်နိုင်ငံဘက်မှရှုံ့ချခဲ့သည်။

မစ္စတာဝီလျံလိုင်သည် နူးယော့ခ်သို့ စနေနေ့ညနေပိုင်းကရောက်ရှိခဲ့ပြီး ယင်းမှတစ်ဆင့်လေယာဉ်ပြောင်းစီးကာ ပါရာဂွိုင်းသို့ခရီးဆက်မည်ဖြစ်ကြောင်းသိရသည်။

မစ္စတာလိုင်၏အပြန်ခရီးစဉ်တွင် ဆန်ဖရန်စစ္စကိုမှတစ်ဆင့်လေယာဉ်ပြောင်းစီးမည်ဖြစ်ပြီး ယခုခရီးစဉ်မစတင်ကတည်းက တရုတ်နိုင်ငံဘက်မှ အပြင်းအထန်ကန့်ကွက်ခဲ့သော်လည်း မဖြစ်ဖြစ်အောင်စီစဉ်ခဲ့ခြင်းလည်းဖြစ်သည်။

မစ္စတာလိုင်အမေရိကသို့ရောက်ရှိပြီးမကြာမီပင် တရုတ်နိုင်ငံဘက်မှထုတ်ပြန်သောထုတ်ပြန်ချက်၌ တရုတ်ပြည်မကြီးအနေဖြင့် ထိုင်ဝမ်ခွဲထွက်ရေးသမားများ၏ ခေါင်းစဉ်အမျိုးမျိုးဖြင့်ပြုလုပ်သည့် အမေရိကခရီးစဉ်မှန်သမျှအားရှုံ့ချကန့်ကွက်သည်ဟုဆိုခဲ့သည်။

ထိုင်ဝမ်သည်တရုတ်အကျိုးစီးပွားအတွက် အဓိကအရေးပါသောနိုင်ငံတစ်ခုဖြစ်ပြီး ထိုင်ဝမ်ရေလက် ကြား၌ဖြစ်သမျှပြဿနာတိုင်းသည် အမေရိကန်အားကိုးဖြင့် တရုတ်လက်အောက်မှခွဲထွက်လိုသောထိုင်ဝမ်ကြောင့်သာဖြစ်သည်ဟုလည်းဖော်ပြထားသည်။

တရုတ်သည် ထိုင်ဝမ်အား ပေကျင်း၏ အချုပ်အခြာအာဏာကိုလက်ခံရန် တွန်းအားပေးသည့်အ‌နေဖြင့် လွန်ခဲ့သည့်သုံးနှစ်အတွင်း ထိုင်ဝမ်တစ်ဝိုက်တွင် ၎င်း၏စစ်ရေးလှုပ်ရှားမှုများကို အရှိန်မြှင့်လုပ်ဆောင်ခဲ့သည်။

ဧပြီလကလည်း ထိုင်ဝမ်သမ္မတဆိုင်အင်ဝမ်၏ အမေရိကအလယ်ပိုင်းခရီးစဉ်မှအပြန် ကလီဖိုးနီးယား၌ အမေရိကန်အောက်လွှတ်တော်ဥက္ကဌ ကယ်လ်ဗင်မက်ကာသီနှင့်တွေ့ဆုံမှုအားတုံ့ပြန်သည့်အနေဖြင့် ကျွန်းနားတစ်ဝိုက်စစ်ရေးလေ့ကျင့်မှုများပြုလုပ်ခဲ့သေးသည်။

Source : ရိုက်တာ/အက်စ်အင်န်/အာဂျေ


LEAVE A REPLY

Please enter your comment!
Please enter your name here