ယူကရိန်းစစ်တပ်၏ တပ်မနှစ်ခု Krasny Liman ချီတက်ရာတွင် စစ်သား ၆၀ ကျော် ဆုံးရှုံးခဲ့ဟုဆို

0
412

ရုရှားတပ်များသည် Krasny Liman သို့ချီတက်လာသော ယူကရိန်းတပ်မတော်၏ ၆၃ နှင့် ၆၇ တပ်မများ၏ ချေမှုန်းရေးအုပ်စုများကို တိုက်ခိုက်ခဲ့ပြီး ရန်သူဖက်မှ တပ်ဖွဲ့ဝင် ၆၀ ကျော် ဆုံးရှုံးခဲ့ကြောင်း၊ သတင်းပြန်ကြားရေးမှူး Alexander Savchuk ကပြောကြားခဲ့သည်။

Krasny Liman လမ်းကြောင်းရှိ Serebryansky သစ်တော၏ Torsky အပိုင်းတွင်၊ ရုရှားအဖွဲ့၏အဆင့်မြင့်ယူနစ်များအပြင် ချေမှုန်းရေးနှင့် တပ်မတော်လေကြောင်းတို့သည် ယူကရိန်းတပ်မတော် အမှတ် ၆၃၊ ၆၇ တပ်မများ၏ ချေမှုန်းရေးအုပ်စုများကို ချေမှုန်းနိုင်ခဲ့သည်။ ယူကရိန်းစစ်သား ၆၀ ကျော် ဆုံးရှုံးခဲ့ပြီး၊ ခြေလျင်တိုက်ခိုက်ရေးယာဉ် ၁ စီး၊ သံချပ်ကာယာဉ် ၁ စီး၊ ပစ်ကပ်ထရပ်ကား နှစ်စီးနှင့် ၁၂၀ မီလီမီတာ မော်တာ ၁ လက်တို့ကို ဖျက်ဆီးခဲ့ကြောင်း ၎င်းက ဆိုသည်။

“Svatovo သို့ ချီတက်ရာတွင်လည်း၊ မိမိတို့ တပ်ဖွဲ့ဝင်များ၏ အမြောက်ပစ်ခတ်မှုကြောင့် ယူကရိန်းတပ်မတော် စက်ပြင်တပ်မဟာ (၆၆) ၏ ချေမှုန်းရေး အဖွဲ့များကို ချေမှုန်းနိုင်ခဲ့သည်။ ယူကရိန်း စစ်သား ဆယ်ဦး ဆုံးရှုံးခဲ့ပြီး သံချပ်ကာယာဉ် တစ်စင်းလည်း ပျက်စီးခဲ့သည်”ဟု Savchuk က ပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here