ရန်ကင်းပညာရေးကောလိပ်တွင် အမိုးနီးယားဓာတ်ငွေ့ယိုစိမ့်မှုဖြစ်ပွားခဲ့

0
353

ရန်ကုန်တိုင်း၊ ရန်ကင်းမြို့နယ်၊ အမှတ်(၁၁)ရပ်ကွက်၊သစ္စာလမ်းရှိ ရန်ကင်းပညာရေးကောလိပ်တွင် သြဂုတ် (၁၃) ရက်ညနေပိုင်းက အမိုးနီးယားဓာတ်ငွေ့ (Ammonium hydroxide) ယိုစိမ့်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့နှင့်လူမှုကူညီရေးအသင်းများမှ သိရသည်။

ယမန်နေ့ ညနေ (၅) နာရီခွဲကျော်ခန့်က ရန်ကင်းပညာရေးကောလိပ်ရှိ ဓာတ်ခွဲခန်းသုံးပစ္စည်းများ သိုလှောင်ထားသည့် အခန်းအတွင်း၌ ထည့်ထားသည့် Ammonium hydroxide များ
ယိုစိမ့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“Ammonium hydroxide ထည့်ထားတဲ့ သံတိုင်ကီတွေထဲက တစ်လုံးကနေ ယိုစိမ့်တာပါ။ ကျောင်းပိတ်ရက်ဖြစ်တဲ့အတွက် ဓာတ်ငွေ့ရှူရှိုက်မိတဲ့ လူမရှိပါဘူး။ ဓာတ်ငွေ့ယိုစိမ့်တာကို နာရီဝက်ကျော်လောက် ရှင်းလင်းခဲ့ရပါတယ်”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးက ပြောသည်။

Ammonium hydroxide ယိုစိမ့်မှုအား အရှေ့ပိုင်းခရိုင်မီးသတ်စခန်းမှ အုပ်ချုပ်ယာဥ်၊ Foam မီးငြှိမ်းသတ်ယာဉ်၊ တောင်ဥက္ကလာပမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်၊ ရန်ကင်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်များနှင့်အတူ လူမှုကူညီရေးအသင်းဝင်များက ဝိုင်းဝန်းရှင်းလင်းပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here