ကျွန်းလှမြို့အထွက်ရှိ နေအိမ်တစ်လုံးတွင် မိသားစုဝင် (၅) ဦး ဓ ားဖြင့်သ တ်ဖြတ်ခံရ

0
275

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့အထွက် အင်ကြင်းဥယျာဥ်အနီးရှိ နေအိမ်တစ်လုံးတွင် သြဂုတ် (၁၃) ရက် နံနက်ပိုင်းက မိသားစုဝင် (၅) ဦး ဓ ားဖြင့် သ တ်ဖြတ်ခံခဲ့ရကြောင်း သိရသည်။

ယမန်နေ့ နံနက်ပိုင်းက အမည်မသိအမျိုးသားတစ်စုသည် ကျွန်းလှမြို့အထွက် အင်ကြင်းဥယျာဥ်အနီးရှိ ဦးအောင်မောင်း၏ နေအိမ်သို့ ရောက်ရှိလာကာ နေအိမ်တွင်ရောက်ရှိနေသည့် ဦးမြင့်ဆွေနှင့် မိသားစုဝင်များအား ဓ ားများဖြင့်ထိုးခုတ်သတ်ဖြတ်ခဲ့ကြကြောင်း သိရသည်။

“သေဆုံးတဲ့ လူတွေက ဇီးကုန်းတိုက်နယ်၊ ဘူးကုန်းကျေးရွာကပါ။ အသက်အန္တရာယ် ခြိမ်းခြောက်ခံရတာတွေရှိတာကြောင့် ဒီမှာလာပြီး တိမ်းရှောင်နေတဲ့အချိန်မှာ အသတ်ခံခဲ့ရတာပါ။ ဦးမြင့်ဆွေနဲ့ သူ့မိသားစုဝင် (၅) ယောက်လုံးကို မျက်လုံးတွေ အဝတ်စည်း လက်ပြန်ကြိုးတုတ်ပြီး ဓ ားတွေနဲ့ ထိုးခုတ်သ တ်ဖြတ်သွားတာပါ။ အသက် (၂) နှစ်ကျော် ကလေးမလေး တစ်ယောက်ပဲ အသက်ရှင်ကျန်ရစ်တယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ဓ ားများဖြင့် ထိုးခုတ်သ တ်ဖြတ်ခံရမှုကြောင့် ဦးမြင့်ဆွေ (၄၆)နှစ်တွင် လည်ပင်းပြတ်ရှ၊ ဒေါ်ကြည်ဌေး(၅၅)နှစ်တွင် လည်ပင်းပြတ်ရှ၊ ကိုစိုးမြင့်လွင်ဦး(၃၂)နှစ်တွင် လည်ပင်းပြတ်ရှ၊ ညာဘက်ရင်အုံ ထိုးသွင်းဒဏ်ရာ၊ မဖြိုးသီရိလိူင် (၃၁)နှစ်(ကျန်းမာရေးဝန်ထမ်း – သားဖွားဆရာမ) တွင် လည်ပင်းပြတ်ရှ၊ ညာဘက်ရင်အုံထိုးသွင်းဒဏ်ရာ၊ မမာမာလင်း (၃၈)နှစ်တွင် လည်ပင်းပြတ်ရှဒဏ်ရာတို့ဖြင့် အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြကြောင်း သိရသည်။

သေဆုံးသူများ၏ ရုပ်အလောင်းများအား ကန့်ဘလူမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြပြီး ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးနှင့် ဥပဒေအရထိရောက်စွာအရေးယူနိုင်ရေးတို့အတွက် စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here