တောင်ငူမြို့နယ်တွင် USDP ပါတီ စည်းရုံးရေးမှူးတစ်ဦး နေအိမ်၌ ပ စ်ခတ်ခံရ၍ ‌ေ သဆုံး

0
280

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ ကျေးအင်းထုံးဖိုကျေးရွာတွင်နေထိုင်သည့် USDP ပါတီစည်းရုံးရေးမှူး ဦးခင်မောင်ဦး (၄၇)နှစ်သည် သြဂုတ် (၁၃) ရက် ညနေပိုင်းက နေအိမ်၌ရှိနေစဥ် ပစ်ခတ်ခံရ၍ ‌ေ သဆုံးသွားခဲ့ကြောင်း သိရသည်။

ယမန်နေ့ ညနေ (၄) နာရီခွဲခန့်က အမည်မသိအမျိုး သားများသည် အင်းထုံးဖိုကျေးရွာနေ USDP ပါတီ စည်းရုံးရေးမှူး ဦးခင်မောင်ဦး၏ နေအိမ်သို့ ရောက်ရှိလာကာ နေအိမ်ပေါ်သို့တက်၍ ဦးခင်မောင်ဦးအား သေနတ်ဖြင့်ပစ် ခတ်ပြီးနောက် ထွက်ပြေးသွားခဲ့ကြကြောင်း သိရသည်။

ထိုသို့ ပစ်ခတ်ခံရမှုကြောင့် ဦးခင်မောင်ဦးတွင် ကျည်ထိမှန်ဒဏ်ရာရရှိကာ အခင်းဖြစ်နေရာ၌ ‌ေ သဆုံးသွားခဲ့သဖြင့် ရုပ်အလောင်းအား ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။

လက်ရှိတွင် ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် လုံခြုံရေးအဖွဲ့ဝင်များက စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here