ကမ္ဘောဒီးယားခေါင်းဆောင်သစ်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးတို့ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးမြှင့်တင်ရန်ကတိပြု

0
119

ဖနွမ်းပင်၊ဩဂုတ် ၁၃

ကမ္ဘောဒီးယားနိုင်ငံ၏ နောက်ထပ်ခေါင်းဆောင်တစ်ဦးဖြစ်လာမည့် မစ္စတာဟွန်မာနက်က ၎င်းသည်တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယီနှင့် မြို့တော်ဖနွမ်းပင်၌ ဩဂုတ် ၁၃ ရက်ကတွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံကြား ဆက်ဆံရေးကိုတိုးမြှင့်သွားမည်ဟုကတိပြုခဲ့ကြကြောင်းဆိုသည်။

မစ္စတာဝမ်ယီသည် စနေနေ့ကကမ္ဘောဒီးယားသို့ရောက်ရှိခဲ့ပြီး မစ္စတာဟွန်မာနက်ဝန်ကြီးချုပ်အဖြစ်ခန့်အပ်ခံရပြီးနောက် ပထမဆုံးလာရောက်သည့်တရုတ်ကိုယ်စားလှယ်တစ်ဦးလည်းဖြစ်သည်။

ပေကျင်း၏ထိပ်တန်းသံတမန်သည် စင်္ကာပူနှင့်မလေးရှားသို့လည်းသွားရောက်ခဲ့သည်။မစ္စတာဝမ်ယီသည် ကမ္ဘောဒီးယားခေါင်းဆောင်ဟောင်း မစ္စတာဟွန်ဆန်အပါအဝင် မစ္စတာဟွန်မာနက်နှင့်အခြားကမ္ဘောဒီးယားခေါင်းဆောင်များနှင့်လည်းတွေ့ဆုံခဲ့သည်။

မစ္စတာဟွန်မာနက်က တွေ့ဆုံစဉ်အတွင်း ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန်ကတိပြုခဲ့ပြီး ၎င်းအနေဖြင့် တရုတ်တစ်ပြည်တည်းမူဝါဒကိုဆက်လက်ထောက်ခံမည်ဖြစ်ကာ တရုတ်နိုင်ငံ၏ပြည်တွင်းရေးရာများတွင်ဝင်ရောက်စွက်ဖက်မည်မဟုတ်ဟုဆိုခဲ့သည်။

ယင်းနောက် ၎င်းသည်စက်တင်ဘာလနှင့်အောက်တိုဘာလများတွင် တရုတ်နိုင်ငံသို့သွားရန်ခရီးစဉ်များရေးဆွဲပြီးဖြစ်ကြောင်းလည်းပြောကြားခဲ့သည်။

မစ္စတာဝမ်ယီကလည်း တရုတ်နိုင်ငံအနေဖြင့် ကမ္ဘောဒီးယားနိုင်ငံ၏အချုပ်အခြာအာဏာကို အပြည့်အဝလေးစားမည်ဖြစ်ပြီး ကမ္ဘောဒီးယားကိုဆက်လက်ထောက်ခံအားပေးသွားမည်ဟုဆိုခဲ့သည်။

ဖနွမ်းပင်သည် ဆယ်စုနှစ်လေးခုနီးပါးအုပ်ချုပ်ခဲ့သော ဝန်ကြီးချုပ်ဟွန်ဆန်လက်ထက်တွင်တရုတ်၏အခိုင်မာဆုံးမဟာမိတ်များထဲမှတစ်နိုင်ငံ ဖြစ်လာပြီး တရုတ်ရင်းနှီးမြှုပ်နှံမှုအမြောက်အမြား ကိုလည်းရရှိခဲ့သည့်နိုင်ငံ ဖြစ်သည်။

Source:AFP


LEAVE A REPLY

Please enter your comment!
Please enter your name here