ပဲခူးမြို့နယ်အတွင်းဖွင့်လှစ်ထားသည့် ယာယီရေဘေးရှောင်စခန်း ၃၈ ခုလုံးပိတ်သိမ်း

0
211

ပဲခူးတိုင်းအတွင်း မိုးသည်းထန်စွာရွာသွန်းပြီး ပဲခူးမြစ်ရေမြင့်တက်မှုကြောင့် နေအိမ်များအတွင်းရေဝင်ရောက်၍ ယာယီရေဘေးရှောင်စခန်း ၃၈ ခုအားဖွင့်လှစ်ကာ ရေဘေးသင့်ပြည်သူများအား ကူညီစောင့်ရှောက်ပေးခဲ့ရသည်။

ပဲခူးမြို့နယ်အတွင်းရှိ ရပ်ကွက်(၁၃)ခုနှင့်ကျေးရွာ (၆)ရွာမှ ရေဘေးသင့်ပြည်သူ ၁၅၃၉၅ ဦးရှိခဲ့ကာ ပဲခူးတိုင်းအစိုးရအဖွဲ့နှင့်တာဝန်ရှိသူများ၊အလှူရှင်များ၊မီးသတ်တပ်ဖွဲ့ဝင်များ၊လူမှုကူညီရေးအသင်းဝင်များက ယာယီရေ ဘေးကယ်ဆယ်ရေးစခန်း (၃၈)ခုသို့ ရွှေ့ပြောင်းပေးခဲ့ရသည်။

ထိုသို့ ရွှေ့ပြောင်းပေးခဲ့ရပြီးနောက် ပဲခူးမြစ်ရေမှာ ပြန်လည်ကျဆင်းလာသဖြင့် နေအိမ်များအတွင်းရေဝင်ရောက်မှုမှာလည်း ပြန်လည်ကျဆင်းသွားရာ သြဂုတ် ၁၃ ရက်ည နေ ၄ နာရီတွင် ရပ်ကွက်/ကျေးရွာ(၇)ခုရှိ ယာယီရေဘေးရှောင်စခန်း(၁၃)ခု၊ သြဂုတ် ၁၄ ရက်မွန်းတည့် ၁၂ နာရီတွင် ရပ်ကွက်/ကျေးရွာ(၁၄)ခုမှ ယာယီရေဘေးရှောင်စ ခန်း(၂၅)ခုတို့အား ပိတ်သိမ်းခဲ့ကြောင်း သိရသည်။

ထိုသို့ ယာယီရေဘေးရှောင်စခန်း(၃၈)ခုလုံးအား ပိတ်သိမ်းခဲ့ပြီးနောက် ခိုလှုံနေထိုင်နေကြသည့် ရေဘေးသင့်အိမ်ထောင်စုဝင်များအား လုံခြုံရေးအဖွဲ့ဝင်များ၊တာဝန်ရှိသူများ၊မီးသတ်တပ်ဖွဲ့ဝင်များနှင့်လူမှုကူညီရေးအသင်းဝင်များက နေအိမ်များသို့ပြန်လည်ရွှေ့ပြောင်းပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here