မြန်မာ အီလက်ထရောနစ် မဲပေးစက်ကို UEC မှ ဝန်ကြီး ဌာနများအား ရှင်းလင်းပြသပြီး လက်တွေ့သရုပ်ပြစမ်း သပ်မဲပေး

0
258

မြန်မာ အီလက်ထရောနစ် မဲပေးစက်နှင့် ပတ်သက်၍ ပြ ည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ဝန်ကြီးဌာနများအား ရှင်းလင်းပြသကာ လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းကို သြဂုတ် (၁၄) ရက် နံနက်ပိုင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

UEC အဖွဲ့ဝင် ဦးကိုကိုလွင်က မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အား ရှင်းလင်းပြောကြားကာ UEC ၏ တာဝန်ရှိသူ တစ်ဦးမှလည်း (MEVM) စမ်းသပ်တည်ဆောက်ထားရှိမှုနှင့်ပတ်သက်၍ ထိန်းချုပ်စက်၊ ဆန္ဒပြုစက်၊ဆန္ဒပြုချက် မှန်ကန်မှု ရှိ/မရှိ ပြသသောစက်၊ မဲပုံးနှင့် ဘက်ထရီများ ဖွဲ့စည်းတည်ဆောက်ထားရှိမှု၊ ထည့်သွင်းအသုံးပြုထားသည့် စက်များနှင့် အသုံးပြုရခြင်း ရည်ရွယ်ချက်များ၊မဲပေးစက်မှ မဲရလဒ်များ ထုတ်ယူရေတွက်ခြင်း၊ မဲပေးစက်ကို ထုပ်ပိုးသိမ်းဆည်းခြင်းနှင့် မဲပေးစက်၏ လုံခြုံစိတ်ချရမှုများကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

ထို့ပြင် UEC အဖွဲ့ဝင်ဦးအောင်လွင်ဦးက (MEVM) တည် ဆောက်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းတင်ပြရာ နစက အဖွဲ့ဝင်၊ပြည်ထောင်စုဝန်ကြီး ဒု-ဗိုလ်ချုပ်ကြီးစိုးထွဋ်နှင့်ပြည်ထောင်စုဝန်ကြီးဦးကိုကိုလှိုင်တို့က မြန်မာအီလက်ထရောနစ်မဲပေးစက်နှင့်ပတ်သက်၍ ဖြည့်စွက်အကြံပြုဆွေးနွေးခဲ့သည်။

ထို့နောက် တာဝန်ရှိသူများနှင့်အရာထမ်း၊ အမှုထမ်း ၈၆ ဦးတို့က မြန်မာအီလက်ထရောနစ် မဲပေးစက်အား လေ့ လာ ကြည့်ရှုကာ လက်တွေ့အသုံးပြု၍ စမ်းသပ်မဲပေးခဲ့ကြသည်။

(MEVM)နှင့်ပတ်သက်၍ရှင်းလင်းပြသခြင်းနှင့်လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းသို့ နစက အဖွဲ့ဝင်၊ ပြည်ထော င်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန (၁) ပြည်ထောင်စုဝန်ကြီး ဒု – ဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန် ကြီး ဌာန(၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ UEC အ ဖွဲ့ဝင်ဦးအောင်လွင်ဦးနှင့် ဦးကိုကိုလွင်၊ ကော်မရှင်ရုံးမှ တာဝန်ရှိသူများနှင့် ဝန်ကြီးဌာနမှ အရာထမ်း အမှုထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မွန်းလွဲပိုင်းတွင်လည်း UEC မှတာဝန်ရှိသူများက စက်မှုဝန်ကြီးဌာနသို့သွားရောက်၍ (MEVM)နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခြင်းနှင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းများပြုလုပ်ခဲ့ကြပြီး အရာထမ်း၊အမှုထမ်း ၈၅ ဦးကလက်တွေ့မဲပေးခဲ့ကြသည်။

photo credit – Myanmar Digital News


LEAVE A REPLY

Please enter your comment!
Please enter your name here