မဲခေါင် – လန်ချန်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဗဟုသုတပြန့်ပွားရေးပြပွဲ နေပြည်တော်တွင် ပြုလုပ်

0
265

မဲခေါင် – လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်အောက်မှ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဗဟုသုတပြန့်ပွားရေးပြပွဲအား မြန်မာနိုင်ငံမဟာဗျူဟာနှင့်နိုင်ငံတကာလေ့လာရေးအဖွဲ့မှကြီးမှူး၍ သြဂုတ် (၁၄) ရက်က နေပြည်တော်၌ပြုလုပ်ခဲ့သည်။

ပြပွဲအား နိုင်ငံခြားရေးဝန်ကြီးဌာန ဒု-ဝန်ကြီးဦးကျော်မျိုးထွဋ်က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကာ တရုတ်နိုင်ငံသံရုံးမှ သံမှူးကြီး Dr. Zheng Zhihong နှင့်အတူ ပြသထားသည့် မြန်မာနိုင်ငံရှိ မဲခေါင်- လန်ချန်းပူးပေါင်း‌ဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် ပူးပေါင်းဆောင်ရွက်မှုများ၊ မဲခေါင် – လန်ချန်း အဖွဲ့ဝင်နိုင်ငံများဖြစ်သော ကမ္ဘောဒီးယား၊ လာအို၊ ထိုင်း နှင့်ဗီယက်နမ်နိုင်ငံတို့မှ ဆောင်ရွက်ချက်မှတ်တမ်းဓာတ်ပုံနှင့် စာရွက်စာတမ်းများကို ကြည့်ရှုခဲ့ကြသည်။

ပြပွဲအား မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုများကို အများပြည်သူများလေ့လာနိုင်ရန် သြဂုတ် (၁၄) ရက်နှင့် (၁၅) ရက် (၂) ရက်တာ ဖွင့်လှစ်ပြသသွားမည်ဖြစ် ကြောင်း သိရသည်။

ထို့ပြင် ပြပွဲကာလအတွင်း နေပြည်တော်ရှိ အခြေခံပညာအထက်တန်းကျောင်း (၁၀) ကျောင်းမှ ကျောင်းသား၊ကျောင်းသူများအတွက် ဟောပြောပွဲ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲနှင့် ဆုပေးပွဲများကိုလည်း ပြုလုပ်ပေးလျပ်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here