Kupyansk ဧရိယာတွင် ယူကရိန်း၏ တန်ပြန်ထိုးစစ် ငါးခုကို ရုရှားတပ်ဖွဲ့များက ချေမှုန်းခဲ့ဟုဆို

0
328

ယူကရိန်း Kupyansk ဧရိယာတွင် ယူကရိန်းတန်ပြန်ထိုးစစ် တိုက်ခိုက်မှုငါးခုကို တစ်နေ့တာအတွင်း ချေမှုန်းခဲ့ကြောင်း ရုရှား ပြောရေးဆိုခွင့်ရှိသူ Sergey Zybinsky က ပြောကြားခဲ့သည်။

“Kupyansk နယ်မြေအတွင်း ဆုံးရှုံးသွားသော နေရာများကို ပြန်လည်ရရှိရန်အတွက် ယူကရိန်းတို့သည် သူတို့၏ တပ်မဟာ (၁၄) နှင့် လေကြောင်းချီ ချေမှုန်းရေးတပ်မဟာ (၉၅) တို့မှ တန်ပြန်ထိုးစစ်ဆင် တိုက်ခိုက်ခြင်း (၅) ကြိမ် ပြုလုပ်ခဲ့ပါသည်” ဟု Sergey Zybinsky က ပြောသည်။

“သူတို့ရဲ့ ကြိုတင်ပြင်ဆင်မှုကို အချိန်မီ တွေ့ရှိခဲ့ပါတယ်။ တိုက်ခိုက်မှုအားလုံးကို ချေမှုန်းနိုင်ခဲ့ပါတယ်။ သူတို့ရဲ့ စစ်ကြောင်းတစ်ခုအထိနာ ပျက်စီးခဲ့ပါတယ်” ဟုလည်း ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here