ခါကိဗ်တွင် ရုရှားတပ်များ တိုးလာသောကြောင့် ပိုလန်သည် ဘီလာရုစ်နယ်စပ်တွင် တပ်ဖွဲ့ဝင်များ ထပ်မံဖြည့်တင်း

0
224

ပိုလန်နိုင်ငံသည် ဘီလာရုစ်နယ်စပ်ကို ကာကွယ်ရန် တပ်ဖွဲ့ဝင်အရေအတွက်ကို တိုးမြှင့်လိုက်ကြောင်း ပိုလန်ကာကွယ်ရေးဝန်ကြီးက စနေနေ့က ပြောကြားခဲ့သည်။

ပိုလန်ကာကွယ်ရေးဝန်ကြီး Mariusz Blaszczak သည် ဘီလာရုစ်နယ်စပ်အနီးတပ်စွဲထားသော ပိုလန်တပ်ဖွဲ့ဝင်အချို့နှင့်လည်း ပိုလန်အရှေ့ပိုင်းရှိ Jarylowka တွင် မကြာသေးမီက တွေ့ဆုံခဲ့ကြောင်း သိရသည်။

သို့ရာတွင် ထိုသို့ စစ်ရေးအရ တိုးမြှင့်ချထားမှုသည် အဟန့်အတားသက်သက်သာဖြစ်ကြောင်း သူက အခိုင်အမာ ပြောကြားခဲ့သည်။

ဘီလာရုစ် စစ်ရဟတ်ယာဉ်နှစ်စင်းသည် ပြီးခဲ့သည့် သီတင်းပတ်က ပိုလန်လေပိုင်နက်အတွင်းသို့ ခေတ္တဝင်ရောက်ခဲ့ပြီး၊ ယင်းသည် ဝါဆောစစ်အုပ်စုမှ ရည်ရွယ်ချက်ရှိရှိ ရန်စခြင်းဟု နေတိုးဖက်က ယူဆသည့် လှုပ်ရှားမှုတစ်ခုဖြစ်ကြောင်း ပိုလန်ကာကွယ်ရေးဝန်ကြီးက ဆိုသည်။

ဘီလာရုစ်နိုင်ငံတွင် ဝက်ဂနာ ကြေးစားတပ်များရှိနေခြင်းနှင့် ဘီလာရုစ်၏ လုပ်ဆောင်ချက်များသည် ကျွန်ုပ်တို့၏လုံခြုံရေးကို ခြိမ်းခြောက်နေသည်ဟုလည်း ပိုလန်ကာကွယ်ရေးဝန်ကြီး Blaszczak က ပြောကြားခဲ့ပြီး ထိုအကြောင်းကြောင့် ပိုလန်သည် ဟန့်တားရန် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သူကထပ်လောင်းပြောကြားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here