ယူကရိန်းစစ်တပ်နှင့် စက်မှုလုပ်ငန်းဆိုင်ရာ အဓိကနေရာများကို ရုရှားတပ်များက ညတွင်းချင်း ပစ်ခတ်တိုက်ခိုက်ခဲ့ဟုဆို

0
265

ယူကရိန်း အထူးစစ်ဆင်ရေးတွင် ရုရှားတပ်ဖွဲ့များသည် ယူကရိန်းစစ်တပ်နှင့် စက်မှုလုပ်ငန်းဆိုင်ရာ နေရာများကို လက်နက်ကြီးများဖြင့် ကြီးမားသော လွန်ခဲ့သည့်ရက်အတွင်းက တိကျသေချာသော တိုက်ခိုက်မှုတစ်ခု ပြုလုပ်ခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်ချုပ်ကြီး Igor Konashenkov က အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။

“ရုရှားစစ်တပ်သည် ယူကရိန်းအစိုးရ၏ အဓိက စစ်ဘက်-စက်မှုလုပ်ငန်းများကို လေကြောင်းချီ တာဝေးပစ် လက်နက်များဖြင့် ကြီးမားသော တိုက်ခိုက်မှုတစ်ရပ်ကို ယမန်နေ့ညက တိကျစွာ တိုက်ခိုက်ခဲ့ကြောင်း” ဟု ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။

အဆိုပါ တိုက်ခိုက်မှု၏ ရည်မှန်းချက် အောင်မြင်ခဲ့သည်ဟု ဒုတိယဗိုလ်ချုပ်ကြီး Igor Konashenkov က ဆိုသည်။

“သတ်မှတ်ထားသောနေရာများအားလုံး ဖျက်ဆီးခံခဲ့ရသည်။ ယူကရိန်းအစိုးရ၏ အဓိက စစ်ဘက်-စက်မှုလုပ်ငန်းများတွင် ကြီးမားသောအပျက်အစီးများ ဖြစ်ပွားစေခဲ့သည်” ဟု ပြောရေးဆိုခွင့်ရှိသူက အလေးပေးပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here