EV ကား ၃၇ စီးနှင့် EV ဆိုင်ကယ် ၄၈ စီး ရန်ကုန်ဆိပ်ကမ်းသို့ရောက်ရှိ

0
520

ကုမ္ပဏီ ၃ ခုမှတင်သွင်းလာသည့် EV ကား ၃၇ စီးနှင့် EV ဆိုင်ကယ် ၄၈ စီး ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာခဲ့ကြောင်း သိရသည်။

Earth Renewable Energy Co., Ltd. မှတင်သွင်းလာသည့် BYD Dolphin အမျိုးအစား EV ကား ၁၄ စီး၊ Chin Dwin Shan Construction Co., Ltd. မှ တင်သွင်းလာသော BYD D1 အမျိုးအစား EV ကား ၂၀ စီး၊ BYD Tang အမျိုးအစား EV ကား ၃ စီး(စုစုပေါင်း EV ကား ၃၇ စီး)နှင့် The Golden Octopus Co., Ltd.မှ တင်သွင်းလာသည့် Segway အမျိုးအစား EV ဆိုင်ကယ် ၄၈ စီးရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

အဆိုပါ EV ကားနှင့် EV ဆိုင်ကယ်တို့အား အမျိုး သားအဆင့်လျှပ်စစ်သုံးယာဉ်နှင့်ဆက်စပ်လုပ် ငန်းများဖွံ့ဖြိုးတိုးတက်ရေးဦးဆောင်ကော်မတီ ၏ ခွင့်ပြုချက်အရ အကောက်ခွန်ကင်းလွတ်ခွင့်ဖြင့်တင်သွင်းလာခြင်းဖြစ်ကာ သြဂုတ် ၁၅ ရက်က လုပ်ထုံးလုပ်နည်းနှင့်အညီထုတ်ယူခွင့်ပြုခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here