ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကပျောက်သွားသည့် အသက်(၄)နှစ်အရွယ် ကလေးငယ်၏ အလောင်းအား ယနေ့နံနက်ပိုင်းတွင် ရေမြောင်းအတွင်းမှပြန်တွေ့

0
452

မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်တွင် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ပျောက်ဆုံးခဲ့သည့် အသက် (၄) နှစ်အရွယ်ရှိကလေးငယ်အား ယနေ့ သြဂုတ် (၁၆)ရက် နံနက်ပိုင်းတွင် ရေမြောင်းအတွင်းမှ သေဆုံးလျက်ပြန်လည် တွေ့ရှိခဲ့ရကြောင်း သိရသည်။

အဆိုပါ အသက်(၄)နှစ်အရွယ် ကလေးငယ်သည် ပြီးခဲ့သည့် သြဂုတ် (၁၃) ရက်ညနေပိုင်းက ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်ပြီး ယနေ့နံနက်တွင် ကလေးငယ်၏ ရုပ်အလောင်းအား ချမ်းမြသာစည်မြို့နယ်၊ (၅၉) လမ်း/(၁၁၃) လမ်းအနီးရှိ ရေမြောင်းတစ်ခုအတွင်းမှ ပြန်လည်တွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

“ပျောက်သွားတဲ့ ကလေးရဲ့ မိဘတွေက သူတို့ကလေးပျောက်သွားတဲ့အတွက် မြရည်နန္ဒာလူမှုကူညီရေးအသင်းကိုအကူအညီတောင်းပြီး ကလေးပျောက် Post ကို အသင်း page မှာတင်ခဲ့တယ်။ သူတို့လည်း လိုက်ရှာခဲ့ကြတ ယ်။ ကလေးနာမည်က မောင်အီလီရပ်(ခ)ကျော်မျိုးထွေးပါ”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးက ပြောသည်။

ရေမြောင်းအတွင်းမှ ပြန်လည်တွေ့ရှိခဲ့ရသည့် ကလေးငယ်၏ ရုပ်အလောင်းအား တာဝန်ရှိသူများက စစ်ဆေးခဲ့ပြီးနောက် လူမှုကူညီရေးအသင်းကားဖြင့် ၎င်း၏ နေအိမ်သို့ပြန်လည်ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

Photo-မြရည်နန္ဒာအသင်း


LEAVE A REPLY

Please enter your comment!
Please enter your name here