ပြည်ကြီးတံခွန်မြို့တွင် Sun Shade ပေါ်တက် သန့်ရှင်းရေးလုပ်နေသူ (၄) ဦး ဓါတ်လိုက်မှုဖြစ်ပွား (၁) ‌ဦးသေဆုံး

0
333

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်တွင် Sun Shade ပေါ်တက် သန့်ရှင်းရေးလုပ်နေသူ (၄) ဦးဓါတ်လိုက်မှုဖြစ်ပွားခဲ့ပြီး (၁) ‌ဦးသေဆုံးမှု ယနေ့ ဩဂုတ်လ (၁၆) ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ပြည်ကြီးတံခွန်မြို့နယ်၊ (၆၈)လမ်း၊ (၁၃၉) လမ်းထောင့်၊ (ဈ)ရပ်ကွက်၊ RC(၃)ထပ်တွင် ပထမထပ်ရှိ Sun Shade ပေါ်သို့ သန့်ရှင်းရေးပြုလုပ်ရာမှ ကျား(၂)ဦး၊ မ(၂)ဦး စုစုပေါင်း (၄)ဦးတို့သည် ယနေ့ နံနက် ၁၀ နာရီ ၂၁ မိနစ်ခန့်တွင် ဓါတ်လိုက်ပြီး အောက်သို့ပြုတ်ကျမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မီးသတ်တပ်ဖွဲ့ ထံမှသိရသည်။

အဆိုပါ ဖြစ်စဉ်ကြောင့် မန္တလေးခရိုင်မီးသတ်စခန်းနှင့်ပြည်ကြီးတံခွန်မြို့နယ်မီးသတ်စခန်းတို့မှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရကြောင်း သိရသည်။

ဓာတ်လိုက်မှုဖြစ်စဉ်ကြောင့် ကျား (၂) ဦးနှင့် မ (၁) ဦးတို့တွင် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အမျိုးသမီး(၁)ဦးမှာ သေဆုံးသွားသည့်အတွက် လောကပါလလူမှုကူညီရေးအသင်းမှ လူနာတင်ယာဉ်ဖြင့် မန္တလေးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။

Photo – MFSD


LEAVE A REPLY

Please enter your comment!
Please enter your name here