ပုသိမ် – ချောင်းသာသွား လမ်းမကြီးဘေးရှိ ဟိုတယ်တစ်လုံး၏ စားဖိုဆောင်တွင် မီးလောင်မှုဖြစ်

0
259

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ အမှတ်(၃)ရပ်ကွက်ရှိ ပုသိမ် – ချောင်းသာသွား ကားလမ်းမကြီးဘေးရှိ ဟိုတယ်တစ်လုံးတွင် သြဂုတ် (၁၅) ရက် ညနေပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီး သတ်တပ်ဖွဲ့ဌာနချုပ်နှင့်လူမှုကူညီရေးအသင်းများမှ သိရသည်။

ယမန်နေ့ညနေ (၄) နာရီ (၅၀) မိနစ်ခန့်က ပုသိမ်မြို့နယ်၊အမှတ်(၃)ရပ်ကွက်၊ ပုသိမ် – ချောင်းသာသွားလမ်းမကြီးဘေးရှိ ဟိုတယ်တစ်လုံး၏ စားဖိုဆောင်မှ စတင်ကာ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ချောင်းသာနယ်မြေမီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြကြောင်း သိရသည်။

“ဟိုတယ်စားဖိုဆောင်ကနေ စလောင်တာလို့ သိရပါတယ်။ ထိခိုက်ဒဏ်ရာရတဲ့ လူမရှိပါဘူး။ စားဖိုဆောင်ကော၊ စားသောက်ခန်းကော၊ မီးလောင်ပျက်စီးသွားပါတယ်။ မီးလောင်ချိန်သိပ်မကြာပေမယ့် မီးအားပြင်းတဲ့အတွက် ပျက်စီးတာများသွားတာပါ”ဟု ဒေသခံလူမှုကူညီရေးအသင်းဝင်တစ်ဦးက ပြောသည်။

မီးလောင်မှုအား ဝိုင်းဝန်းငြှိမ်းသတ်ခဲ့မှုကြောင့် ညနေ ၅ နာရီ ၅ မိနစ်၌ မီးငြိမ်းသွားခဲ့ပြီး မီးလောင်မှုဖြစ်ပွားရသည့်အကြောင်းရင်းနှင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးအား မီးသတ်တပ်ဖွဲ့တာဝန်ရှိသူများက စစ်ဆေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here