သိမ်ကြီးစျေး(D)ရုံ အပေါ်ထပ် ကားပါကင်နံရံအား အိမ်စီးကား အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်ပြီး ကားခေါင်းပိုင်းအပြင်သို့ ကျွံထွက်သွား

0
633

ရန်ကုန်တိုင်း၊ လသာမြို့နယ်အတွင်းရှိ သိမ်ကြီးစျေး(D) ရုံ အပေါ်ထပ်ရှိ ကားပါကင်နံရံအား အိမ်စီးကားတစ်စီးမှအရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်မိပြီး ကားခေါင်းပိုင်းအပြင်သို့ကျွံထွက်သွားခဲ့မှု ယနေ့ သြဂုတ် (၁၆) ရက် နံနက် (၆) နာရီကျော်ခန့်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

“မနက်အစောပိုင်းဖြစ်တဲ့အတွက် အောက်ထပ်က ဆိုင်ခန်းတွေ မဖွင့်သေးတဲ့ အချိန်ဖြစ်သွားတာပါ။ ဒါ့ကြောင့် အုတ်တွေ အောက်ကိုပြုတ်ကျသွားပေမယ့် ထိခိုက်မိသူမရှိပါဘူး။ အခုဝင်တိုက်မိတဲ့ နေရာက အုတ်နံရံကို ဇကာပေါက်တွေ ပုံစံမျိုးလုပ်ထားတဲ့ နေရာကို ဝင်တိုက်မိတာ။ ကားမောင်းလာတဲ့သူလည်း ဘာမှမဖြစ်ပါဘူး”ဟု အခင်း ဖြစ်နေရာအနီး နေသူတစ်ဦးက ပြောသည်။

ဖြစ်စဥ်တွင် ကားပါကင်အုတ်နံရံအားဝင်တိုက်မိခဲ့သည့် အိမ်စီးကားမှာ အုတ်နံရံအပြင်ဘက်သို့ ကားခေါင်းပိုင်းကျွံထွက်ကာ ပျက်စီးမှုများဖြစ်ပေါ်ခဲ့သဖြင့် ပြန်လည်ဆွဲထုတ်ခဲ့ရကြောင်း သိရသည်။

Photo-Ye Naing


LEAVE A REPLY

Please enter your comment!
Please enter your name here