ရွှေဗျိုင်းဖြူ စက်သုံးဆီ အရောင်းဆိုင်များတွင် ယခင်အတိုင်း ဝယ်ယူသုံးစွဲနိုင်ကြောင်း အသိပေး

0
253

ရွှေဗျိုင်းဖြူ ဆီနှင့် ဓာတ်ငွေ့ ကုမ္ပဏီလီမိတက်တစ်ခုတည်းကိုသာ စာရင်းရှင်းဖျက်သိမ်းခြင်းဖြစ်ပြီး စက်သုံးဆီဆိုင်များကို ဖွင့်လှစ်ထားမည်ဖြစ်သည့်အတွက် ယခင်အတိုင်း ဝယ်ယူသုံးစွဲနိုင်ကြောင်း ကုမ္ပဏီဘက်မှအသိပေး ထုတ်ပြန်ထားသည်။

ကုမ္ပဏီ၏ ထုတ်ပြန်ချက်အရ ရွှေဗျိုင်းဖြူ ဆီနှင့်ဓာတ်ငွေ့ကုမ္ပဏီလီမိတက်သည် ရွှေဗျိုင်းဖြူကုမ္ပဏီ အုပ်စု၏ လုပ်ငန်းခွဲတစ်ခုသာဖြစ်ပြီး ၎င်းကုမ္ပဏီတစ်ခုတည်းကိုသာ ရှယ်ယာရှင်များ၏ ဆန္ဒအလျောက် စာရင်းရှင်းဖျက်သိမ်းကြောင်း ဩဂုတ်လ (၁၁) ရက်တွင် ကုမ္ပဏီဘက်မှ ကြေညာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ ဖျက်သိမ်းလိုက်သည့်အတွက် ကုမ္ပဏီမှ ရရန်နှင့် ပေးရန်ရှိသည်များကို ၂၀၂၃ ခုနှစ် စက်တင်ဘာလ (၉) ရက်ထက် နောက်မကျစေဘဲ တောင်းခံခြင်းနှင့် ပေးသွင်းခြင်းများ ပြုလုပ်နိုင်ကြောင်းလည်း အသိပေးထားသည်။

အများပြည်သူသို့ စက်သုံးဆီများဖြန့်ဖြူးလျက်ရှိသော လုပ်ငန်းအပါအဝင် အခြားစီးပွားရေးလုပ်ငန်းများကိုဆက်လက်လုပ်ကိုင်သွားမည်ဖြစ်ကြောင်းသိရပါသည်။

လက်ရှိတွင် ရွှေဗျိုင်းဖြူ ဆီနှင့် ဓာတ်ငွေ့ကုမ္ပဏီလီမိတက်နှင့် ပတ်သက်၍ ထင်ကြေးအမျိုးမျိုးပေးကာ မဟုတ်မမှန် ကောလာဟလသတင်းများ ဖြန့်ဝေမှုများ ရှိနေသည့်အတွက် ပြည်သူများအနေဖြင့် မယုံကြည်ကြရန်လည်း ကုမ္ပဏီဘက်က မေတ္တာရပ်ခံထားသည်။

လတ်တလော ထွက်ပေါ်နေသည့် ကောလာဟလသတင်းများကို မယုံကြည်ကြဘဲ ရွှေဗျိုင်းဖြူကုမ္ပဏီအုပ်စု၏ စက်သုံးဆီ အရောင်းဆိုင်များတွင် ယခင်အတိုင်း ယုံကြည်စိတ်ချစွာ ဝယ်ယူသုံးစွဲနိုင်ကြောင်း ကုမ္ပဏီက အသိပေးထုတ်ပြန်လာခြင်းလည်း ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here