အာဖဂန်အမျိုးသမီးများက ပညာရေးအခွင့်အလမ်းအတွက် ကုလသမဂ္ဂ၌တောင်းဆို

0
268

ကုလသမဂ္ဂ၊ဩဂုတ် ၁၆

အာဖဂန်မှတာလီဘန်များသည် ၎င်းတို့အာဏာရလာပြီးနောက် ကျောင်းများနှင့်တက္ကသိုလ်များမှ မိန်းကလေးနှင့်အမျိုးသမီး ၁ ဒသမ ၁ သန်းကျော်အား ပညာသင်ကြားခွင့်ပိတ်ပင်ခဲ့သည်။

တင်းကြပ်သောစည်းမျဉ်းများကြောင့် များစွာသောမိန်းကလေးများနှင့် အမျိုးသမီးများသည် ၎င်းတို့၏ပညာရေးကိုရှေ့ဆက်နိုင်ရန်အတွက် ပြည်ပနိုင်ငံများသို့ ထွက်ရောက်ပညာသင်ကြားကြရသည်ဟုသိရသည်။

ယခုအချိန်၌မူ AfghanGirlsVoice ဟူသောအမည်ဖြင့် လှုပ်ရှားမှုတစ်ခုပြုလုပ်နေကာ အဆိုပါလှုပ်ရှားမှု၏ရည်ရွယ်ချက်သည် ကုလသမဂ္ဂနှင့်ကျန်အဖွဲ့အစည်းများအား အာဖဂန်အမျိုးသမီးများ၏ပညာရေးတန်းတူညီမျှခွင့်အား ခွင့်ပြုပေးရန်တောင်းဆိုခြင်းလည်းဖြစ်သည်။တာလီဘန်များအာဏာရလာချိန်မှစ၍ အာဖဂန်ရှိအမျိုးသမီးများ၏အခြေအနေသည် ကမ္ဘာပေါ်တွင်အဆိုးရွားဆုံးဖြစ်လာခဲ့သည်။

အာဖဂန်၌ဖြစ်နေသောအခြေအနေများသည် လူ့အခွင့်အရေးချိုးဖောက်ခံရခြင်းပင်ဖြစ်သောကြောင့် နိုင်ငံတကာရာဇ၀တ်တရားရုံးမှတရားစွဲဆိုသင့်သည်ဟု ကုလ၏ကမ္ဘာ့ပညာရေးကိုယ်စားလှယ်ကပြောကြားခဲ့သည်။

တာလီဘန်များသည် အမျိုးသမီးများအား ပန်းခြံ၊အားကစားခန်းမနှင့်နှင့်စားသောက်ဆိုင်အစရှိသည်ဖြင့် အများပြည်သူနှင့်သက်ဆိုင်သောနေရာများသို့သွားလာခွင့်ကိုပိတ်ပင်ကာ ပညာသင်ကြားခွင့်များကိုပါပိတ်ပင်ခဲ့သည်။

လွန်ခဲ့သည့်နှစ်နှစ်မှစ၍ အာဖဂန်အမျိုးသမီးများအကြား စိတ်ပိုင်းဆိုင်ရာပြဿနာများကြီးထွားလာခဲ့ပြီး မိမိကိုယ်ကိုယ်မိမိအဆုံးစီရင်မှုများလည်းတိုးမြင့်လာခဲ့သည်ဟုသိရှိရသည်။ထို့ကြောင့် ကမ္ဘာ့နိုင်ငံအသီးသီးမှ အာဖဂန်အမျိုးသမီးများ၏ပညာရေးဆိုင်ရာအခွင့်အလမ်းများကို ပိုမိုအာရုံစိုက်လာစေရန်ယခုလှုပ်ရှားမှုကို ပြုလုပ်ရခြင်းဖြစ်သည်ဟုလည်းဆိုကြသည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here