YBS ယာဉ်လိုင်း (၅) လိုင်း သုခဒဂုံဧရာဝင်းအတွင်း ပြေးဆွဲပေးမည်ဟု YRTC ပြော

0
273

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ သုခဒဂုံပြည်သူ့အငှားအိမ်ရာတွင် နေထိုင်မည့် ပြည်သူများအတွက် YBS ယာဉ်လိုင်း(၅)လိုင်းကို စီစဉ်ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)မှ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က ပြောသည်။

အဆိုပါ အငှားအိမ်ရာတည်ရှိသည့်နေရာသည် ရန်ကုန်မြို့တွင်းနှင့် အနည်းငယ်အလှမ်းဝေးသည့်အတွက် ပြည်သူများ သွားရေးလာရေး အဆင်ပြေစေရန် ရည်ရွယ်၍ ကုမ္ပဏီ (၄) ခုမှ ပြေးဆွဲပေးခြင်းဖြစ်ကြောင်း သိရသည်။

ယင်း YBS ယာဉ်လိုင်း (၅) လိုင်းမှာ YBS ၇၁ ၊ YBS ၁၂၇ ၊ YBS ၈၁ ၊ YBS ၄၆ နှင့် YBS ၁ ယာဉ်လိုင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် အိမ်ရာဝင်းအတွင်း ယာယီဈေး တစ်ခုကိုလည်း စတင်တည်ဆောက်ရန် ဆောင်ရွက်နေပြီး နောက်ပိုင်းတွင် စူပါမားကတ်များပါ လာရောက်ဖွင့်လှစ်နိုင်သည်အထိ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနက သိရသည်။

လက်ရှိတွင် သုခဒဂုံပြည်သူ့ အငှားအိမ်ရာတွင် ပထမအဆင့်အဖြစ် အခန်းပေါင်း ၁၁၆၈ ခန်းပြီးစီးနေပြီဖြစ်ပြီး ယခုဩဂုတ်လကုန်တွင် စတင်နေထိုင်နိုင်ပြီဖြစ်ကာ ဒုတိယအဆင့် အနေဖြင့်လာမည့် ဒီဇင်ဘာလတွင် အခန်းပေါင်း ၈၀၀ ကျော် ထပ်မံပြီးစီးမည်ဖြစ်ကာ ၂၀၂၄ ခုနှစ် ဧပြီလတွင် အိမ်ရာစီမံကိန်း အလုံးစုံပြီးစီးမည်ဖြစ်‌ကြောင်း သိရသည်။

Photo-YBS လမ်းညွှန်


LEAVE A REPLY

Please enter your comment!
Please enter your name here