ရက်ပိုင်းအတွင်း မော်လိုက်မြို့နှင့် မင်းကင်းမြို့တို့တွင် ချင်းတွင်းမြစ်ရေ စိုးရိမ်ရေမှတ်သို့ ရောက်ရှိလာနိုင်

0
149

ချင်းတွင်းမြစ်ရေသည် လာမည့် (၂၄) နာရီအတွင်း မော်လိုက်မြို့နှင့် လာမည့် (၄၈) နာရီအတွင်း မင်းကင်းမြို့တို့၏ စိုးရိမ်ရေမှတ်များသို့ ရောက်ရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ သြဂုတ် (၁၆) ရက် နေ့လယ် (၃) နာရီက ထုတ်ပြန်အသိပေးထားသည်။

ယနေ့မွန်းလွဲ (၂) နာရီခွဲအချိန် တိုင်းထွာချက်အရ ချင်းတွင်းမြစ်ရေသည် မော်လိုက်မြို့၏ စိုးရိမ်ရေမှတ်အောက် (၁) ပေခန့်တွင် ရောက်ရှိနေပြီး နောက် (၂၄) နာရီအတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ကြောင်း သိရသည်။

ထို့ပြင် မင်းကင်းမြို့တွင်လည်း ချင်းတွင်းမြစ်ရေသည် စိုးရိမ်ရေမှတ်အောက် (၂) ပေခန့်တွင် ရောက်ရှိနေပြီး လာမည့် (၄၈) နာရီအတွင်း၌ စိုးရိမိရေမှတ်သို့ ရောက်ရှိနိုင်ကြောင်း မိုးဇလကထုတ်ပြန် အသိပေးထားသည်။

ထို့ကြောင့် မော်လိုက်မြို့နယ်နှင့် မင်းကင်းမြို့နယ်တို့အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းတို့တွင် နေထိုင်သူများအနေဖြင့် အထူးသတိပြုနေထိုင်ကြရန် မိုးဇလကအသိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here