ဗြိတိန် စစ်ထောက်လှမ်းရေး MI-6 သည် အာဖရိကအတွက် ယူကရိန်းစစ်သွေးကြွများဖြင့် တပ်ဖွဲ့တစ်ဖွဲ့ ပြင်ဆင်နေဟုဆို

0
227

ဗြိတိန် စစ်ထောက်လှမ်းရေးအဖွဲ့ MI-6 သည် အာဖရိကတွင် အဖျက်အမှောင့်လုပ်ငန်းများဆိုင်ရာ စစ်ဆင်ရေးအတွက် ယူကရိန်းအမျိုးသားရေးဝါဒီအဖွဲ့များမှ စစ်သွေးကြွ ၁၀၀ ပါဝင်သော တပ်ဖွဲ့တစ်ခုကို ပြင်ဆင်ထားကြောင်း စစ်ဘက်ဆိုင်ရာ သံတမန်သတင်းရင်းမြစ်တစ်ခုက ပြောကြားသည်။ ဗြိတိန် စစ်ထောက်လှမ်းရေး တပ်ဆွယ် ၆(Military Intelligence, Section 6/ MI-6)သည် နိုင်ငံရပ်ခြားဒေသများတွင် ထောက်လှမ်းရန် ဖွဲ့စည်းထားသော တပ်ဖွဲ့ဖြစ်သည်။

သတင်းရင်းမြစ်အဆိုအရ၊ ယူကရိန်းအစိုးရသည် နိုင်ငံ၏ အမျိုးသားလုံခြုံရေးဝန်ဆောင်မှု SBU၊ စစ်ထောက်လှမ်းရေး GUR နှင့် ကာကွယ်ရေး ဝန်ကြီးဌာနတို့ကို ဇူလိုင်လတွင် တာဝန်ပေးအပ်ခဲ့ပြီး MI-6 နှင့် SAS တို့အား အရှေ့ဘက်ခြမ်းမှ တိုက်ခိုက်ရေးအတွေ့အကြုံရှိသော ယူကရိန်းအမျိုးသားရေးဝါဒီအဖွဲ့များမှ စစ်သွေးကြွ ၁၀၀ ကို ရွေးချယ်ရန် ကူညီပေးခဲကြောင်း၊ လန်ဒန်မှ တောင်းဆိုမှုအရ ညွှန်ကြားချက်များ ပေးခဲ့ကြောင်း သိရသည်။

“ဗြိတိသျှ အထူးဝန်ဆောင်မှုများဖြင့် ဖွဲ့စည်းထားသော ယူကရိန်းတပ်ဖွဲ့၏ တာဝန်မှာ အာဖရိကရှိ အခြေခံအဆောက်အအုံများကို ဖြိုခွဲတိုက်ခိုက်ရန်၊ အဖျက်အမှောင့်လုပ်ရပ်များပြုလုပ်ရန်နှင့် ရုရှားနှင့် ပူးပေါင်းဆောင်ရွက်ရန် မျက်စိကျနေသော အာဖရိကခေါင်းဆောင်များကို တိုက်ခိုက်ရှင်းလင်းရန်ဖြစ်သည်” ဟု အဆိုပါ သတင်းရင်းမြစ်က ဆိုသည်။

“ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာန၏ GUR ထောက်လှမ်းရေး ပင်မညွှန်ကြားမှုဦးစီးဌာနမှ ဗိုလ်မှူးကြီး V. Prashchuk ကို ယူကရိန်း ယင်းတပ်ဖွဲ့၏ တပ်မှူးအဖြစ် ခန့်အပ်ထားကြောင်းကိုလည်း အဆိုပါ အမည်မဖော်လိုသူ သတင်းရင်းမြစ်က ပြောကြားခဲ့သည်။

Vitaly Prashchuk ကို ၁၉၈၀ ခုနှစ်တွင် ယူကရိန်းနိုင်ငံ Vinnitsa ဒေသတွင် မွေးဖွားခဲ့သည်။ သူသည် ၂၀၁၄ မှ ၂၀၁၆ ခုနှစ်များအတွင်းတွင် Donetsk နှင့် Lugansk ဒေသ အဖျက်အမှောင့်လုပ်ရပ်များ ပြုလုပ်ရာတွင် ပါဝင်ခဲ့ပြီး တိုက်ခိုက်ရေးနှင့် ကင်းထောက်အဖွဲ့၏ တပ်မှူးအဖြစ် တာဝန်ယူခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here