စိုက်ပျိုးရေး လုပ်ငန်းများ ပြန်လည်ထူထောင်ရေးတွင် သုံးစွဲရန် ဆန်စပါးအသင်းချုပ်နှင့် ညီနောင်အသင်းများက သိန်း(၁,၁၀၀)ကျပ် ရခိုင်ပြည်နယ် အစိုးရသို့ လှူဒါန်း

0
152

ရခိုင်ပြည်နယ်အတွင်း ဆန်စပါးထုတ်လုပ်ရောင်းချမှု ကဏ္ဍဖွံဖြိုးတိုးတက်ရေးနှင့် မိုခါဆိုင်ကလုန်းဒဏ်သင့် ရခိုင်ပြည်သူများ၏ စိုက်ပျိုးရေးလုပ်ငန်းများ ပြန်လည် ထူထောင်ရေးတွင် သုံးစွဲရန် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်နှင့် ညီနောင်အသင်းများ စုပေါင်းကာ ငွေကျပ် သိန်း (၁,၁၀၀)ကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့သို့ လှူဒါန်းခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးဆောင်ပြီး အဖွဲ့ဝင် (၂၂)ဦး ပါဝင်သော အဖွဲ့သည် ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ ဩဂုတ်လ (၁၂) ရက်မှ (၁၄) ရက်အထိ သွား ရောက်ခဲ့ခြင်းဖြစ်ပြီး ယင်းခရီးစဉ်အတွင်း လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ထုတ်ပြန်ထားသည်။

ခရီးစဉ်အတွင်း ရခိုင်ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရဝန်ကြီးများ၊ အစိုးရဌာနဆိုင်ရာများ၊ ရခိုင်ပြည်နယ်ရှိ ဆန်စက်ပိုင်များ၊ ဆန်ကုန်သည်များ၊ တောင်သူကြီးများနှင့် တွေ့ဆုံကာ မိုခါမုန်တိုင်း ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်ရာတွင် ပူးပေါင်းကူညီဆောင်ရွက်နိုင်ရေး ဆွေးနွေးခဲ့ကြောင်း စိရသည်။

ထို့အပြင် ဆန်စပါးဈေးကွက် တည်ငြိမ်ရေးဆိုင်ရာကိစ္စရပ်များ၊ ဆန်စပါး စိုက်ပျိုးထုတ်လုပ်မှု တိုးတက်စေရေး၊ ဆန်စပါး သိုလှောင်ကြိတ်ခွဲမှုနှင့် ဆန်စပါး လုပ်ငန်းဆိုင် ရာ MSME လုပ်ငန်းများ ဖွံဖြိုးတိုးတက်စေရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်းလည်း သိရသည်။

အလားတူ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့ရောင်းချနိုင်မှု အခြေအနေများ၊ မြစ်ရေတင် စီမံကိန်းဆောင်ရွက်နိုင်ရေး၊ Integrated Farming ဆောင်ရွက်နိုင်ရေးနှင့် ရခိုင်ပြည် နယ်၏ စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာ Master Plan တစ်ရပ် ရေးဆွဲနိုင်ရေးကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here