ကယားပြည်နယ်အတွင်းရှိ လမ်းများ၏ အရည်အသွေးအား တပြေးညီ ပြည့်စုံမှန်ကန်ကိုက်ညီမှု ရှိစေရန်ဆောင်ရွက်ရမည်

0
189

ကယားပြည်နယ်အတွင်း၌ ယာဥ်မတော်တဆမှုများကြောင့် အသက်အန္တရာယ်ထိခိုက်ပျက်စီးမှုနှုန်းလျော့နည်းကျဆင်းရေးနှင့်ပတ်သက်၍ ကယားပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မျိုးတင်က ပြောကြားခဲ့သည်။

သြဂုတ် (၁၅) ရက် နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၌ ကျင်းပခဲ့သည့် ကယားပြည်နယ်ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် အမှာစကား ပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ကယားပြည်နယ်အတွင်း ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီမှ ယာဉ်မတော်တဆမှုများကြောင့် ပြည်သူများ၏ အသက်အန္တရာယ်ထိခိုက်ပျက်စီးဆုံးရှုံးမှုများ လျော့နည်းကျဆင်းစေရေးမှသည် ပပျောက်သည်အထိမျှော်မှန်း၍ ရှေ့လုပ်ငန်းစဉ်များနှင့်အစီအမံများချမှတ်ဆောင်ရွက်ရမည်ဟု မှာကြားခဲ့သည်။

ထို့ပြင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို ပြည်သူများ သိရှိလိုက်နာဆောင်ရွက်နိုင်စေရန် နယ်ပယ်စုံမှကျယ်ပြန့်စွာအသိပညာပေးခြင်း၊ ထိရောက်စွာစစ်ဆေးခြင်း၊ အရေးယူခြင်းတို့ကိုလည်း အဆင့်လိုက်ဆောင်ရွက်ရမည်ဟု မှာကြားသည်။

ထို့အတူ ပြည်နယ်အတွင်းလမ်းများ၏ အရည်အသွေးဆိုင်ရာလုပ်ငန်းစဉ်များကိုလည်း တစ်ပြေးညီပြည့်စုံပြီး မှန်ကန်ကိုက်ညီမှု ရှိစေရန် ဆောင်ရွက်ရမည်ဖြစ်ကာ လုပ်ငန်းစဉ်များအောင်မြင်စေရန် အရှိန်အဟုန်ဖြင့်ဆောင်ရွက်ရမည်ဟုလည်း ပြည်နယ်ဝန်ကြီးချုပ်က မှာကြားခဲ့သည်။

ထို့နောက် ပြည်နယ်ယာဉ်အန္တရာယ်၊ လမ်းအန္တ ရာယ်ကင်းရှင်းရေးကောင်စီ ဒု-ဥက္ကဋ္ဌ(၂)ဦး၊ အတွင်းရေးမှူး၊တွဲဖက်အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များက ကဏ္ဍအလိုက် ရှင်းလင်းတင်ပြခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here