Online ပေါ်ရောင်းချနေသည့် တိုင်းရင်းဆေးဝါးအချို့ သုံးစွဲရန်မသင့်ဟုဆို

0
319

Facebook ကဲ့သို့ Online Media များပေါ်တွင် ရောင်းချနေသည့် အချို့တိုင်းရင်းဆေးဝါးများသည်တိုင်းရင်းဆေးပညာဦးစီးဌာနမှ တိုင်းရင်းဆေးဝါးမှတ်ပုံတင်နှင့် တိုင်းရင်းဆေးဝါးထုတ်လုပ်ခွင့်လိုင်စင်ရရှိထားခြင်းမရှိသည့်အတွက် အများပြည်သူသုံးစွဲရန် မသင့်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနက အသိပေးထုတ်ပြန်ထားသည်။

အဆိုပါ တိုင်းရင်းဆေးဝါးများသည် အရည်အသွေး စစ်မှန်ကောင်းမွန်ပြီး ဘေးအန္တရာယ်ကင်းရှင်းမှုနှင့် အာနိသင်ထိ ရောက်မှုအတွက် အာမခံချက်မပေးနိုင်သောကြောင့် အများပြည်သူများသုံးစွဲရန်မသင့်ကြောင်း ကြေညာချက်တွင်ပါရှိသည်။

ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနသည် အရည်အသွေးစစ်မှန်ကောင်းမွန်ပြီး ဘေးအန္တရာယ်ကင်းရှင်းသောတိုင်းရင်းဆေးဝါးများကို အများပြည်သူများသုံးစွဲနိုင်ရန် စဉ်ဆက်မပြတ်ဆောင်ရွက်နေကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here