သန်လျင်မြို့နယ်တွင် မီးလောင်မှုဖြစ်ပွား မိနစ် ၂၀ ခန့်ကြာငြှိမ်းသတ်ခဲ့ရ

0
147

ရန်ကုန်တိုင်း၊သန်လျင်မြို့နယ်၊အမှုထမ်းရပ် ကွက်၊ယင်းမလမ်းတွင် သြဂုတ် ၁၇ ရက်(ယနေ့) ည ၈ နာရီ ၂၂ မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။

ဖြစ်စဥ်အား သန်လျင်ခရိုင်မီးသတ်စခန်းမှ မီး သတ်ယာဉ်(၃)စီး၊သန်လျင်မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၂)စီးတို့ဖြင့် ငြှိမ်းသတ်ခဲ့ကြသဖြင့် ည ၈ နာရီ ၃၅ မိနစ်တွင် မီးထိန်းနိုင်ခဲ့ပြီး ည ၈ နာရီ ၄၁ မိနစ်၌ မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

မီးလောင်မှုဖြစ်ပွားရသည့် အကြောင်းရင်းနှင့်ပျက်စီးဆုံးရှုံးမှုတန်ဖိုးအား မီးသတ်တပ်ဖွဲ့တာဝန် ရှိသူများက စစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here