<<<< Breaking News >>>>

0
218

မလေးရှားနိုင်ငံ အဝေးပြေးလမ်းမပေါ်တွင် ကိုယ်ပိုင်ဂျက်လေယာဉ်တစ်စင်း ပျက်ကျမှုကြောင့် လူ ၁၀ ဦး သေဆုံး

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ပြင် အဝေးပြေးလမ်းမပေါ်တွင် ပုဂ္ဂလိက ကိုယ်ပိုင်ဂျက်လေယာဉ်ငယ်တစ်စီး ပျက်ကျမှုကြောင့် အနည်းဆုံး လူ ၁၀ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ယင်းဂျက်လေယာဉ်သည် မလေးရှားနိုင်ငံ အလယ်ပိုင်း ဆီလန်ဂေါပြည်နယ်တွင် ကြာသပတေးနေ့က ဆင်းသက်ရန် ကြိုးပမ်းစဉ် ပျက်ကျခဲ့ရာ ဆိုင်ကယ်တစ်စီးနှင့် ကားတစ်စီးတို့ကိုပါ ထပ်ဆင့် တိုက်မိခဲ့ပြီး လေယာဉ်ပေါ်ပါ လူရှစ်ဦးစလုံး သေဆုံးခဲ့သည်။

အဆိုပါ Beechcraft Model 390 (Premier 1) လေယာဉ်သည် အပေါ့စားသီးသန့် စင်းလုံးငှားလေယာဉ်ဖြစ်သည်။

အဆိုပါ လေယာဉ်သည် ကွာလာလမ်ပူအနီးရှိ Sultan Abdul Aziz Shah လေဆိပ်သို့ဦးတည်ကာ လန်ကာဝီကျွန်းမှ ထွက်ခွာခဲ့ခြင်းဖြစ်ကြောင်း မလေးရှားနိုင်ငံ၏ အရပ်ဘက်လေကြောင်း အာဏာပိုင် အဖွဲ့က ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here