မြန်မာထွက်ကုန်များကို တရုတ်နိုင်ငံအတွင်း Online မှတဆင့်ရောင်းချပေးနေသော RCEP ကုန်စည်ဖြန့်ဖြူးရေးစင်တာအား ပြည်ထောင်စုဝန်ကြီးဦးအောင်နိုင်ဦးလေ့လာ

0
323

တရုတ်နိုင်ငံ၊ကူမင်းမြို့ရှိ China(Yunnan)Pilot Free Trade Zone ရှိ မြန်မာထွက်ကုန်များကို တရုတ်နိုင်ငံအတွင်း Online မှတဆင့်ရောင်းချပေးနေသော RCEP ကုန်စည်ဖြန့်ဖြူးရေးစင်တာအား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးအောင်နိုင်ဦးမှ သြဂုတ် ၁၆ ရက်မွန်းလွဲပိုင်းက လေ့လာကြည့်ရှုခဲ့သည်။

RCEP ကုန်စည်ဖြန့်ဖြူးရေးစင်တာရှိ တောင်အာရှနှင့်အရှေ့တောင်အာရှ ကုန်စည်ပြခန်းနှင့်ရောင်း ဝယ်ရေးစင်တာတွင်ပြသထားသော ယင်း နိုင်ငံများမှထုတ်ကုန်များ ခင်းကျင်းပြသရောင်းချနေမှုကို ရှင်းလင်းပြသခဲ့ကြသည်။

ပြည်ထောင်စုဝန်ကြီးမှ RCEP နိုင်ငံများမှထုတ် ကုန်များကို နိုင်ငံအလိုက် Studio အခန်းများမှ Online Live Streaming ဖြင့်တိုက်ရိုက်မိတ်ဆက်ရောင်းချနေမှု၊နေ့စဉ်ကုန်ပစ္စည်းများ ရောင်းချနိုင်မှုနှင့်ဖြန့်ဖြူးမှုအခြေအနေများကို ကြည့်ရှုလေ့လလာခဲ့သည်။

RCEP ကုန်စည်ဖြန့်ဖြူးရေးစင်တာသည် တောင်အာရှနှင့်အရှေ့တောင်အာရှနိုင်ငံများ၏ ထုတ်ကုန်များကို တရုတ်နိုင်ငံအတွင်းသို့ ဖြန့်ဖြူးရောင်းချရာတွင် မဟာဗျူဟာကျသည့် ယူနန်ပြည်နယ်၊ကူမင်းမြို့တွင်တည်ရှိသည်။

ထို့ပြင် ကုန်သည်လုပ်ငန်းရှင်များအတွက် နိုင်ငံတကာကုန်သွယ်မှုလုပ်ငန်းများကို အဆင်ပြေလွယ်ကူစွာဆောင်ရွက်နိုင်ရန် ပြီးပြည့်စုံသော ဝန်ဆောင်မှုလုပ်ငန်းများထည့်သွင်းထားသည့် ကုန်စည်ဖြန့်ဖြူးရေးစင်တာဖြစ်ပြီး မြန်မာထွက်ကုန်များကိုလည်း တရုတ်နိုင်ငံအတွင်း Online မှတဆင့်ရောင်းချပေးလျက်ရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here