မော်လမြိုင်မြို့တွင် နေအိမ် ၁ လုံးမီးလောင်မှုဖြစ်ပွား

0
193

မွန်ပြည်နယ်၊မော်လမြိုင်မြို့၊မုပွန်ရပ်ကွက်ရှိ နေအိမ်တစ်လုံးတွင် သြဂုတ် ၁၇ ရက်ညပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်နှင့်ဘိုဘိုဝင်းအရေးပေါ်ကယ်ဆယ်ရေးနှင့်လူမှုအထောက်အကူပြုအဖွဲ့တို့မှ သိရသည်။

ယမန်နေ့ည ၉ နာရီ ၃၈ မိနစ်ခန့်က မော်လမြိုင်မြို့ ၊မုပွန်ရပ်ကွက်၊အိုးရုံလမ်းရှိ နေအိမ်တစ်လုံးတွင် မီးလောင်မှုဖြစ်ပွား၍ မော်လမြိုင်မြို့နယ်မီးသတ်စခန်း၊မော်လမြိုင်နယ်မြေမီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များ၊အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ဘိုဘိုဝင်းအရေးပေါ်ကယ်ဆယ်ရေးနှင့်လူမှုအထောက်အကူပြုအဖွဲ့၊မော်လမြိုင် Rescue လူမှုကူညီရေးအသင်းတို့မှ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသည်။

“မီးအားများတဲ့အတွက် မီးလောင်ချိန်သိပ်မကြာလိုက်ပေမယ့် အိမ်ကတော့ပျက်စီးဆုံးရှုံးသွားပါတယ် ထိခိုက်မိသူမရှိပါဘူး မီးသတ်တပ်ဖွဲ့က လိုအပ်တဲ့စစ်ဆေးတာတွေလုပ်နေပါတယ်”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

မီးလောင်မှုအား ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် ည ၉ နာရီ ၄၉ မိနစ်၌ မီးငြိမ်းသွားခဲ့ပြီး စတင်လောင်ကျွမ်းရသည့်အကြောင်းရင်းနှင့်ပျက်စီး ဆုံးရှုံးမှုတန်ဖိုးအား မီးသတ်တပ်ဖွဲ့တာဝန်ရှိသူ များက စစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here