လာမည့်ရက်ပိုင်းအတွင်း သံလွင်မြစ်ရေနှင့်ချင်းတွင်းမြစ်ရေ စိုးရိမ်ရေမှတ်အောက်သို့ ပြန်လည်ကျဆင်းနိုင်

0
157

မြန်မာနိုင်ငံ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ သြဂုတ် ၁၈ ရက်(ယနေ့)နံနက် ၉ နာရီထုတ်ပြန်ချက်အရ သံလွင်မြစ်ရေနှင့်ချင်းတွင်းမြစ်ရေတို့သည် လာမည့်ရက်ပိုင်းအတွင်း စိုးရိမ်ရေမှတ်အောက်သို့ ပြန်လည်ကျဆင်းနိုင်ကြောင်း သိရသည်။

လက်ရှိအချိန်၌ သံလွင်မြစ်ရေသည် ဘားအံမြို့၏ စိုးရိမ်ရေမှတ်အထက် ပေဝက်ခန့်ကျော်လွန်ရောက်ရှိလျက်ရှိပြီး လာမည့် ၂၄ နာရီအတွင်း ၌ ဘားအံမြို့၏ စိုးရမ်ရေမှတ်အောက်သို့ ပြန်လည်ကျဆင်းနိုင်မည်ဖြစ်သည်။

ထို့ပြင် ဖောင်းပြင်မြို့တွင်လည်း ချင်းတွင်းမြစ်ရေသည် စိုးရိမ်ရေမှတ်အထက် (၁)ပေခန့်ကျော်လွန်ရောက်ရှိနေရာမှ လာမည့် ၄၈ နာရီအတွင်း စိုးရိမ်ရေမှတ်အောက်သို့ ပြန်လည်ကျဆင်းလာနိုင်သည်ဟု မိုးဇလကထုတ်ပြန်ခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here